တမန်တော်ဝတ္ထု 11:17
သခင် ယေရှု ခရစ် ကို ယုံကြည် သောငါ တို့အား ဘုရားသခင် သည် ဆုကျေးဇူး ကို ပေး တော်မူသည် နည်းတူ ၊ ထိုသူ တို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါ သည်အဘယ်သို့ သောသူဖြစ် ၍ ဘုရားသခင် ကို ဆီးတား နိုင် သနည်းဟု ပေတရုဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 33:13ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။
Job 40:8သင်သည် ငါ တရား စီရင်ချက်ကို ပယ် မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ် ဟန်ရှိစေခြင်းငှါ ၊ ငါ ကိုအပြစ်ရှိသည်ဟု စီရင် မည်လော။
Matthew 20:14သင် ၏ဥစ္စာ ကို ယူ ၍ သွား လော့။ နောက် ဝင်သောသူတို့အား သင် နှင့်အညီအမျှ ပေး ခြင်းငှာငါအလိုရှိ ၏။
Acts 10:45တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
Acts 11:15ငါ သည်ဟောပြော စ ပြုစဉ်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ရှေ့ဦးစွာ ငါ တို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ ၊ ထိုသူ တို့ အပေါ်သို့ လည်း သက်ရောက် တော်မူ၏။
Romans 9:15ဘုရားသခင်က၊ ငါသည်ကျေးဇူး ပြုလိုသောသူ ကိုကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်ဟု မောရှေ ကို မိန့် တော်မူ၏။