The Bible Software
တမန်တော်ဝတ္ထု · မြန်မာကျမ်းစာ

တမန်တော်ဝတ္ထု 12

1ထို အခါ ဟေရုဒ် မင်းကြီး သည် သင်းဝင် သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှာစီရင် ၍၊

2ယောဟန် ၏အစ်ကို ဖြစ်သော ယာကုပ် ကို ဓား နှင့်ကွပ်မျက် လေ၏။

3ယုဒ လူတို့သည် အားရ ဝမ်းမြောက်ခြင်း ရှိ သည် ကို မြင် လျှင်၊ အဇုမ ပွဲနေ့ရက် တို့၌ တဖန်ထပ် ၍၊

4ပေတရု ကိုလည်း ဘမ်းဆီး ပြီးမှ၊ ပသခါ ပွဲလွန် လျှင် လူ များတို့အား ထုတ်ပေး မည်အကြံ နှင့် အစောင့်အရှောက် စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ် ၍ ထောင် တွင် လှောင် ထားလေ၏။

5ပေတရု သည်ထောင် ၌ အကျဉ်း နေရစဉ်၊ သင်းဝင် သူ တို့သည် သူ့ ဘို့ ကြိုးစား ၍ ဘုရားသခင် ကို ဆုတောင်း ဝတ်ပြုကြ၏။

6ပေတရု သည် ဟေရုဒ် မင်းထုတ် ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ် စင်းနှင့် ချည်နှောင် ခြင်းကိုခံရလျက်၊ စစ်သူရဲ နှစ် ယောက်တို့အလယ် ၌ အိပ်ပျော် ၍၊ အစောင့် များ တို့သည် ထောင် တံခါး ရှေ့ မှာ စောင့် နေကြ၏။

7ထိုအခါထာဝရ ဘုရား၏ ကောင်းကင် တမန် သည် ပေါ်လာ လျှင် ထောင်အိမ် ၌ အလင်း ထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု ၏ နံဖေး ကို ပုတ်ခတ် ၍ ၊ အလျင်အမြန် ထ လော့ဟု ဆို လျက်ထ စေ ၏။ သံကြိုး သည်လည်းပေတရုလက် မှ ကျွတ် လေ၏။

8ကောင်းကင် တမန်ကလည်း၊ သင် ၏ ခါးပန်းကို စည်း လော့။ ခြေနင်း ကိုလည်းစည်းလော့ဟုဆို လျှင် ၊ ဆိုသည်အတိုင်း ပေတရုပြု ၏။ ဝတ်လုံ ကိုခြုံ ၍ ငါ့ နောက် သို့လိုက်လော့ဟုဆိုပြန်၏။

9ပေတရုသည် ထွက် ၍လိုက် သော်လည်း ၊ ကောင်းကင်တမန် ပြု သမျှတို့သည် မှန် သောအမှုအရာဖြစ် သည်ဟု မ သိ မမှတ်ဘဲ၊ မိမိသည် ဗျာဒိတ် ရူပါရုံကို မြင် သည်ဟုထင် လေ၏။

10လူစောင့် နှစ် တန်ကို လွန်သွား ၍ မြို့ ထဲသို့ ဝင် သော သံ တံခါး သို့ ရောက် လျှင်၊ ထို တံခါးသည် အလိုလို ပွင့် သဖြင့် သူ တို့သည်ထွက် ၍ လမ်း တစ် ကြောင်း၌ ရှောက်သွား ပြီးမှ ၊ ကောင်းကင်တမန် သည် ချက်ခြင်း ပေတရု မှ ခွာ ၍ သွားလေ၏။

11ပေတရု သည် သတိရလျှင်၊ ယခုပင် သခင် ဘုရားသည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ဟေရုဒ် မင်း လက် မှ ၎င်း ၊ ယုဒ လူ တို့၏ မြော်လင့် ခြင်းမှ ၎င်း၊ ငါ့ ကိုကယ်နှုတ် တော်မူသည် ငါအမှန် သိ ၏ဟု အောက်မေ့ စဉ်၊

12လူများ စုဝေး ၍ ဆုတောင်း ရာ၊ မာကု အမည် သစ်ကိုရသော ယောဟန် ၏အမိ ဖြစ်သော မာရိ ၏ အိမ် သို့ရောက် ၍၊

13အိမ်ဦးတံခါး ကိုခေါက် လေသော်၊ ရောဒေ အမည် ရှိသော မိန်းမငယ်တစ်ယောက်သည် နားထောင် ခြင်းငှာလာ ၍၊

14ပေတရု ၏စကား အသံကိုသိ လျှင် ၊ ဝမ်းမြောက် သော အားဖြင့်တံခါး ကို မ ဖွင့် ဘဲ အထဲ သို့ပြေးဝင်၍၊ ပေတရု သည် တံခါး ရှေ့မှာ ရပ် နေသည်ဟု ကြားပြော ၏။

15ထိုသူ တို့က၊ သင်သည်အရူး ဖြစ်၏ဟု ထို မိန်းမငယ် အားဆို ကြသော်လည်း ၊ ပေတရုအမှန် ရှိ သည်ဟု သူသည်ခိုင်မာ စွာဆိုလျှင်၊ ပေတရု ၏ ကောင်းကင်တမန် ဖြစ် လိမ့်မည်ဟုဆို ကြ၏။

16ပေတရု သည် ခေါက် ၍နေ သော်၊ တံခါးကို ဖွင့် ကြ၍ သူ့ ကိုမြင် သဖြင့် အလွန်တရာအံ့ဩ ကြ၏။

17ပေတရုသည်လည်း ထိုသူ တို့ကိုတိတ်ဆိတ် စွာ နေစေခြင်းငှာမိမိလက် နှင့် အမှတ်ပေး ၍ မိမိ ကို ထောင် ထဲက သခင် ဘုရားနှုတ် တော်မူသော အကြောင်းအရာကို ဘော်ပြ ပြီးမှ ၊ သင်တို့သွား၍ ယာကုပ် နှင့် ညီအစ်ကို တို့အား ဤ အကြောင်းများကို ပြန်ကြား ကြလော့ဟု ဆို ပြီးလျှင်၊ ထွက် ၍အခြား တစ်ပါးသို့ သွား လေ၏။

18မိုဃ်းလင်း သောအခါ စစ်သူရဲတို့သည် ပေတရု ၌ အဘယ်သို့ ဖြစ် သနည်းဟု ရုန်းရင်းခတ် မျှ ဖြစ် ကြ၏။

19ဟေရုဒ် မင်းသည် ပေတရု ကိုရှာ ၍ မ တွေ့ သည် ရှိသော်၊ စောင့်ရှောက် သောသူတို့ကို စစ်ကြော ပြီးမှသတ် မည်အကြောင်းကို စီရင် လေ၏။

20ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒ ပြည်မှ ကဲသရိ မြို့သို့ သွား ၍ နေ သည်ရှိသော်၊ တုရု မြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက် လေ၏။ ထိုသူတို့သည် တစ်ညီတစ်ညွတ် တည်းလာ ကြ၍ ၊ ဗလတ္တု အမည်ရှိသော အတွင်းဝန် ကို ဖျောင်းဖျ ပြီးမှ ၊ အမျက် တော်ပြေမည်အကြောင်း တောင်းပန် ကြ၏။ အကြောင်းမူကား ၊ သူ တို့ပြည် သည်ပြည် တော်ကိုမှီ၍ ကျွေးမွေး ခြင်းကိုခံရ၏။

21ဟေရုဒ် မင်းသည်လည်းချိန်းချက် သောနေ့ ၌ မင်း မြောက် တန်ဆာ ကိုဝတ်ဆင် ၍ ပလ္လင် တော်ပေါ်မှာ ထိုင် လျက် ထိုသူ တို့အား မိန့် တော်မူ၏။

22လူ များတို့က၊ ဤအသံသည်လူ ၏အသံ မ ဟုတ်။ ဘုရားသခင် ၏ အသံဖြစ်၏ဟု ကြွေးကြော် ကြသည် ရှိသော်၊

23ထို မင်းကြီးသည် ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို မ ထောက်ထား သောကြောင့် ၊ ထိုခဏခြင်း တွင် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဒဏ်ခတ် ၍၊ ကိုယ်တွင်း၌ ပိုး များကိုက်သဖြင့် အနိစ္စ ရောက်လေ၏။

24ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား များပြား လာ၏။

25ဗာနဗ နှင့် ရှောလု တို့သည် လုပ်ကျွေး ခြင်းအမှုကို ဆောင်ရွက်ပြီး လျှင်၊ မာကု အမည် သစ်ကိုရသော ယောဟန် ကိုလည်း ခေါ် ခဲ့၍ ယေရုရှလင် မြို့မှပြန် ကြ၏။

← တမန်တော်ဝတ္ထု 11Read In The App, Free →တမန်တော်ဝတ္ထု 13 →

Study တမန်တော်ဝတ္ထု 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728