တမန်တော်ဝတ္ထု 12:20
ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒ ပြည်မှ ကဲသရိ မြို့သို့ သွား ၍ နေ သည်ရှိသော်၊ တုရု မြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက် လေ၏။ ထိုသူတို့သည် တစ်ညီတစ်ညွတ် တည်းလာ ကြ၍ ၊ ဗလတ္တု အမည်ရှိသော အတွင်းဝန် ကို ဖျောင်းဖျ ပြီးမှ ၊ အမျက် တော်ပြေမည်အကြောင်း တောင်းပန် ကြ၏။ အကြောင်းမူကား ၊ သူ တို့ပြည် သည်ပြည် တော်ကိုမှီ၍ ကျွေးမွေး ခြင်းကိုခံရ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 10:19ခါနာန် အမျိုးသားနေရာ ပြည်နယ်သည် ဇိဒုန် မြို့မှ ဂေရာ မြို့၊ ဂါဇ မြို့တိုင်အောင် ၎င်း တဖန်သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့ ဇောဘိုင် မြို့ကိုလွန်၍ လာရှ မြို့ တိုင်အောင် ၎င်း ရှိ သတည်း။
1 Kings 5:9ငါ့ ကျွန် တို့သည် လေဗနုန် တောင်မှ ပင်လယ် သို့ ချ ပြီးလျှင် ၊ ဘောင် လုပ်၍ မင်းကြီးစီရင် သော အရပ် သို့ ပင်လယ် လမ်းဖြင့် ဆောင် ခဲ့၍ ၊ ထို အရပ်၌အပ် သဖြင့် မင်းကြီး ခံယူ ရမည်။ မင်းကြီး သည်လည်း ၊ ငါ ၏နန်းတော် သားစားစရာ ရိက္ခါကိုပေး ၍ ငါ့ အလို ကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန် ထံသို့ လူကိုစေလွှတ် ၍ ပြန်ပြော ၏။
2 Chronicles 2:15သို့ဖြစ်၍ ကိုယ်တော်အမိန့် ရှိသည်အတိုင်း ၊ ဂျုံဆန် ၊ မုယောဆန် ၊ စပျစ်ရည် ၊ ဆီ ကိုကိုယ်တော် ကျွန် တို့ အား ပေး ပါတော့။
Proverbs 17:14ရန်တွေ့ စ အမှုသည် ရေ ကန်ပေါင် ပေါက်စကဲ့သို့ဖြစ်သောကြောင့် ၊ ရန် မ တွေ့မှီတွေ့ စရာ အကြောင်းကို ရှောင် လော့။
Proverbs 25:8အလျင် အမြန်ရန် မ တွေ့နှင့်။ အိမ်နီးချင်း သည် သင့် ကို အရှက်ခွဲ ပြီးမှ ၊ သင်သည် အဘယ် သို့ပြု မည်နည်း။
Isaiah 23:1တုရု မြို့နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တာရှု သင်္ဘော များတို့၊ ညည်းတွား မြည်တမ်းကြလော့။ မြို့သည် အိမ် မ ရှိ၊ တည်းခို စရာ မရှိ သည် တိုင်အောင်ရှင်းရှင်းပျက်စီး လေပြီ။ ခိတ္တိမ် ပြည် မှ သိတင်းကြား ရ၏။