တမန်တော်ဝတ္ထု 16:14
ထိုအခါ နီမောင်းသောအထည်အလိပ် ကို ရောင်းသော သွာတိရဲ မြို့သူ လုဒိ အမည် ရှိသော မိန်းမ တစ် ယောက်သည် ဘုရားသခင် ကို ကိုးကွယ် သောသူဖြစ်၍၊ တရားနာ စဉ်တွင် ပေါလု ဟောပြော သော အရာ ကို မှီဝဲဆည်းကပ်စေခြင်းငှာသူ ၏စိတ်နှလုံး ကို သခင် ဘုရားဖွင့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 110:3တန်ခိုး တော်ပြသော နေ့ရက် ကာလ၌၊ ကိုယ်တော် ၏ လူ တို့သည် သန့်ရှင်း သော တန်ဆာ ကို ဆင်လျက်၊ ကြည်ညို သော စေတနာစိတ်ရှိ၍၊ လူပျို တော် တို့သည် နံနက် ဝမ်း ထဲက ထွက်သော ဆီးနှင်း ကဲ့သို့ဖြစ်ကြပါလိမ့်မည်။
Isaiah 50:5အရှင် ထာဝရဘုရား သည် ငါ့ နား ကို ဖွင့် တော်မူ၍၊ ငါ လည်း မ ငြင်း မဆန်၊ နောက် သို့မ ဆုတ်၊
John 6:44ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။
Acts 8:27ထိုအခါ အဲသယောပိ ပြည်ကိုအစိုးရ သော မိဖုရား ကန္ဒက် ထံ၌ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာ တော်ရှိသမျှ ကို အုပ်စိုး ရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ် ခြင်းငှာယေရုရှလင် မြို့ သို့ သွား ၍၊
Acts 11:21သခင် ဘုရား၏လက် ထောက်တော်သည် လူ တို့နှင့်တကွ ရှိ တော်မူသဖြင့် ၊ လူအပေါင်းတို့သည် ယုံကြည် ၍ သခင် ဘုရားထံသို့ ပြောင်းလဲ ကြ၏။
Romans 9:16ထိုကြောင့် ၊ လိုချင် သောသူ သည် တတ်နိုင်သည် မ ဟုတ်။ ပြေး သောသူ သည်လည်း တတ်နိုင်သည်မ ဟုတ်။ ကျေးဇူး ပြုတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။