တမန်တော်ဝတ္ထု 16:31
ထိုသူတို့ကလည်း ၊ သခင် ယေရှု ခရစ်ကို ယုံကြည် လော့။ ယုံကြည်လျှင်သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆို လျက်၊
မြန်မာကျမ်းစာ
In The King James Version
And they said, Believe on the Lord Jesus Christ, and thou shalt be saved, and thy house.
In Context
32ထိုသူ မှစ၍ သူ ၏အိမ် ၌ ရှိသမျှ သော သူ တို့အား သခင် ဘုရား၏ နှုတ်ကပတ် တရားတော်ကို ဟော ကြ၏။
Cross References
Genesis 18:19အကြောင်းမူကား ၊ သူ သည် မိမိ နောက် ၌ ဖြစ်သော သား များ၊ အိမ်သူ များတို့အား ပညတ် မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန် ဖြောင့်မတ် ကျင့် ကြ လိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည့်အတိုင်း ၊ ထာဝရဘုရား သည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
Jeremiah 32:39ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။
Mark 16:16“ယုံကြည် ၍ ဗတ္တိဇံ ကိုခံသောသူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည် သောသူ မူကား အပြစ် စီရင်ခြင်းကို ခံရလတံ့။”
John 3:15အကြောင်းမူကား ၊ ထိုသား တော်ကို ယုံကြည် သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက် ကိုရ မည်အကြောင်းတည်း။
John 6:40သား တော်ကို ကြည့် မြင်၍ ယုံကြည် သောသူရှိသမျှ တို့သည် ထာဝရ အသက် ကိုရ စေခြင်းငှာ ၎င်း အလို တော်ရှိ၏။ ငါ သည်လည်း နောက်ဆုံး သောနေ့ ၌ ထိုသူ တို့ကို ထမြောက် စေမည် ဟု မိန့် တော်မူ၏။
John 7:37ထို ပွဲ ကိုခံ၍ နောက်ဆုံး ဖြစ်သောနေ့ မြတ် ၌ ယေရှု သည်ရပ် ၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ် သောသူ ရှိလျှင် ငါ့ ထံသို့ လာ ၍ သောက် လော့။