ရှင်ယောဟန်ခရစ်ဝင် 7:37
ထို ပွဲ ကိုခံ၍ နောက်ဆုံး ဖြစ်သောနေ့ မြတ် ၌ ယေရှု သည်ရပ် ၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ် သောသူ ရှိလျှင် ငါ့ ထံသို့ လာ ၍ သောက် လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Leviticus 23:36ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ အဋ္ဌမ နေ့ ၌ လည်း၊ ဓမ္မစည်းဝေး ခြင်းကို ပြု ၍ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ထူးဆန်းသောစည်းဝေး ခြင်းဖြစ်၍ လောကီ အလုပ်ကိုမ လုပ် ရ။
Numbers 29:35အဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကိုပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
Nehemiah 8:18ပဌမ နေ့ မှစ၍ နောက်ဆုံး သောနေ့ တိုင်အောင် ၊ နေ့ရက် အစဉ်အတိုင်းဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို ဘတ်ရွတ် ကြ၏။ ထိုပွဲ ကို ခုနစ် ရက် ပတ်လုံးခံ ကြ၏။ ရှစ် ရက်မြောက်သောနေ့ ၌ တရား တော်အတိုင်း ဓမ္မ ပွဲကိုလည်းခံကြ၏။
Psalms 42:2ငါ့ ဝိညာဉ် သည် ဘုရား သခင်တည်း ဟူသောအသက် ရှင်တော်မူသောဘုရား ကို ငတ် လှ၏။ အဘယ် ကာလမှ ဘုရား သခင့်ထံ တော်သို့ ရောက် ၍ မျက်နှာ ပြရအံ့ နည်း။
Psalms 143:6ကိုယ်တော် ထံသို့ လက် တို့ကို ဆန့် ပါ၏။ သွေ့ခြောက် သောမြေ ကဲ့သို့ အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ကို တောင့်တပါ၏။
Proverbs 8:1ဉာဏ် ပညာသည်ခေါ် ၍ မိမိ အသံ ကို လွှင့် သည် မ ဟုတ်လော။