တမန်တော်ဝတ္ထု 18:24
အာပေါလု အမည် ရှိသော အာလေဇဒြိ မြို့သား ၊ ယုဒ လူ တစ် ယောက်သည် ဧဖက် မြို့သို့ ရောက်လာ ၏။ ထိုသူ သည် နှုတ် သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ ၌ အားကြီး သောသူဖြစ် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ezra 7:6ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မောရှေ ၏ပညတ္တိ ကျမ်းစာကို လေ့ကျက် သောဆရာ ဖြစ်သော သူဧဇရ သည် ဗာဗုလုန် မြို့ မှ ထွက်သွား ၏။ ထိုသူ တောင်း သမျှ ကို သူ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေး သနား တော်မူ၏။
Isaiah 3:3သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင် မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ် သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။
Luke 24:19ကိုယ်တော် ကလည်း ၊ အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။
Acts 7:22မောရှေ သည်လည်းအဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံ တို့ကို သင် ၍၊ နှုတ် သတ္တိ ၊ လက် သတ္တိရှိ ၏။
Acts 27:6ထိုမြို့ ၌ ဣတလိ ပြည်သို့ ကူး သော အာလေဇန္ဒြိ သင်္ဘော ကိုတပ်မှူး သည်တွေ့ ၍၊ ထိုသင်္ဘော ထဲသို့ ငါ တို့ကို သွင်း ထားလေ၏။
1 Corinthians 2:1ညီအစ်ကို တို့၊ ငါ သည်သင် တို့ရှိရာ သို့ ရောက်လာ သောအခါ၊ ဘုရားသခင် ၏ သက်သေ ချက်ကို ထူးမြတ်သောစကား နှင့် ထူးမြတ် သော ပညာ အားဖြင့် သင် တို့အား ပြသ ၍ ရောက်လာ သည်မ ဟုတ်။