တမန်တော်ဝတ္ထု 23:11
နက်ဖြန် နေ့ညဉ့် တွင် သခင် ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မ စိုးရိမ်နှင့်။ ငါ ၏ အကြောင်း အရာကို သင် သည် ယေရုရှလင် မြို့၌ သက်သေခံ ပြီးသည်နည်းတူ ၊ ရောမ မြို့၌ လည်း ခံရ လေ ဦးမည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 46:1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Isaiah 41:10မ စိုးရိမ် နှင့်။ ငါ သည် သင့် ဘက် မှာ ရှိ၏။ မကြောက်နှင့်။ သင် ၏ဘုရား သခင်ငါ သည် သင့် ကို ခိုင်ခံ့ စေမည်။ သင့် ကို စောင့်မ မည်။ ငါ့ သစ္စာ လက်ျာ လက်ဖြင့် ထောက် ပင့်မည်။
Isaiah 43:2သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
Jeremiah 15:19ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ပြန် လာလျှင်၊ သင့် ကိုငါဆောင် ခဲ့၍ ၊ သင်သည် ငါ ၏အမှုကို ထမ်း ရလိမ့်မည်။ သင်သည် မြတ် သောအရာ နှင့် ယုတ် သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့ နှုတ် ကဲ့သို့ ဖြစ် ရလိမ့်မည်။ သူ တို့သည် သင့် ထံသို့ ပြန် လာကြ လိမ့်မည်။ သင် သည် သူ တို့ရှိရာသို့ ပြန် ၍ မ သွားရ။
Matthew 14:27ပေတရု ကလည်း ၊ သခင် ကိုယ်တော် မှန် လျှင် အကျွန်ုပ် သည်ကိုယ်တော် ထံသို့ ရေ ပေါ်မှာ လာ ရမည်အကြောင်းမိန့် တော်မူပါဟုလျှောက် လျှင်၊
John 11:8တပည့် တော်တို့က၊ အရှင် ဘုရား၊ ယုဒ လူတို့သည်ယခုပင် ကိုယ်တော် ကိုခဲ နှင့်ပစ်ခြင်းငှာရှာကြံ လျက်ပင်ထို အရပ်သို့တစ်ဖန် ကြွ တော်မူဦးမည်လောဟု လျှောက် ကြ၏။