တမန်တော်ဝတ္ထု 28:17
သုံးရက် လွန် သောအခါ ၊ ပေါလု သည် ယုဒ လူ အကြီးအကဲ တို့ကို ခေါ် ၍စုဝေးစေပြီးလျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည်ယုဒလူမျိုး ကို မ ပြစ်မှား ၊ မိ စဉ်ဘဆက်ကျင့်သောထုံးတမ်း ကို မပယ်သောသူဖြစ် လျက်ပင်၊ ယေရုရှလင် မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်း ထား၍ ရောမ လူတို့ လက် သို့ အပ်လိုက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Acts 6:14ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။
Acts 22:5ထိုကဲ့သို့ ပင်ယဇ်ပုရောဟိတ် မင်းမှစ၍ လူအကြီးအကဲ အပေါင်း တို့သည်အကျွန်ုပ် ဘက်၌သက်သေ ဖြစ်ကြပါ၏။သူ တို့ထံမှ လည်း အကျွန်ုပ်သည် ညီအစ်ကို တို့ထံသို့ မှာစာ ကို ခံ ပြီးမှ၊ ဒမာသက် မြို့၌ ရှိ သော ထိုဘာသာဝင်သူတို့ ကို ဒဏ် ခံစေခြင်းငှာ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွား ပါ၏။
Acts 23:33မြင်း စီးသူရဲတို့သည် ကဲသရိ မြို့သို့ ရောက် လျှင်၊ စစ်သူကြီး၏ စာ ကိုမြို့ဝန်မင်း လက်သို့အပ်ပေး ၍၊ ပေါလု ကိုလည်း ရှေ့တော်၌ သွင်း ထားကြ၏။
Acts 25:2ထိုအခါ ယဇ်ပုရောဟိတ် မင်းမှစ၍ ယုဒ လူ အကြီးအကဲ တို့သည်၊
Acts 25:10ပေါလု ကလည်း ၊ ကဲသာ ဘုရင်၏ တရားပလ္လင် ရှေ့ မှာ အကျွန်ုပ် ရပ် ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင် အပ်ပါ၏။ ကိုယ်တော် သည် အမှန် သိ တော်မူသည်အတိုင်း ၊ အကျွန်ုပ်သည်ယုဒ လူတို့ကိုအလျှင်းမ ပြစ်မှား ပါ။