တမန်တော်ဝတ္ထု 4:34
ထိုသူ တို့တွင် ဆင်းရဲ သောသူတစ်ယောက်မျှမ ရှိ ။ အကြောင်းမူကား ၊ အိမ် ၊ မြေ ကွက်ကို ပိုင် သော သူရှိသမျှ တို့သည် ရောင်း ပြီးလျှင်၊ ရ သောအဘိုးကိုယူဆောင် ခဲ့၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
35တမန်တော် တို့၏ခြေ ရင်း၌ ထား ကြသဖြင့်၊ လူများဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ပေးကမ်းကြ၏။
Cross References
Deuteronomy 2:7သင် တို့ပြု လေရာရာ၌ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူပြီ။ ဤ တော ကြီး ၌ သင် တို့လှည့်လည် သော အကြောင်း အရာတို့ကို သိ တော်မူ၏။ အနှစ် လေးဆယ် ပတ်လုံးသင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှ မ လို ဟု ဆင့်ဆိုရ၏။
Matthew 19:21ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
Luke 12:33သင် တို့ဥစ္စာ များကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ မ ဆွေးမဟောင်းတတ် သော အိတ် တို့ကို ကိုယ် သုံးဘို့ လုပ် ကြလော့။ သူခိုး မ ရောက် ၊ ပိုး များမ ဖျက်ဆီး ရာအရပ် ၊ ကောင်းကင် ဘုံ၌ မကုန်မဆုံး နိုင် သော ဘဏ္ဍာ ကို ဆည်းဖူးကြလော့။
Luke 22:35တဖန် မိန့် တော်မူသည်ကား၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်း မ ပါဘဲ သွားကြလော့ဟု သင် တို့ကို ငါစေလွှတ် သောအခါ တစ်စုံတစ်ခု လိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မ လိုပါဟု လျှောက် ကြသော် ၊
Acts 4:37မိမိ ပိုင် သော မြေ ကိုရောင်း ပြီးလျှင်၊ ရသော ငွေ ကိုယူဆောင် ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
1 Timothy 6:19မှန် သောအသက် ကို ဝင်စား လိုသောငှာ ၊ နောင် ဘဝ၌ ကောင်း သောဘဏ္ဍာ ကို မိမိ တို့အဘို့ ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။