ရှင်လုကာခရစ်ဝင် 12:33
သင် တို့ဥစ္စာ များကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ မ ဆွေးမဟောင်းတတ် သော အိတ် တို့ကို ကိုယ် သုံးဘို့ လုပ် ကြလော့။ သူခိုး မ ရောက် ၊ ပိုး များမ ဖျက်ဆီး ရာအရပ် ၊ ကောင်းကင် ဘုံ၌ မကုန်မဆုံး နိုင် သော ဘဏ္ဍာ ကို ဆည်းဖူးကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
34အကြောင်းမူကား ၊ အကြင်အရပ် ၌ သင် တို့၏ဘဏ္ဍာ ရှိ ၏။ ထို အရပ်သို့ သင် တို့စိတ် နှလုံးရောက် တတ်၏။
Read all of ရှင်လုကာခရစ်ဝင် 12
Cross References
Haggai 1:6သင်တို့သည် များစွာ သော မျိုးစေ့ ကို ကြဲသော်လည်း အသီးအနှံနည်းပါး ရ ၏။ စား ရသော်လည်း ဝ စွာ မ စားရကြ။ သောက် ရသော်လည်း ဝစွာ မ သောက် ရကြ။ အဝတ်ကို ဝတ် ရသော်လည်း နွေး စွာ မ ဝတ်ရကြ။ အလုပ် လုပ်၍ အခ ကို ခံရသော်လည်းမ လုံသော အိတ် ထဲမှာ သိုထားရကြ၏။
Matthew 19:21ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
Luke 12:21ထိုအတူ ကိုယ် အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင် ရှေ့ တော်၌ ဆင်းရဲ သောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။
Luke 18:22ကိုယ် ဥစ္စာ ရှိသမျှ ကို ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေးဝေ လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
Acts 2:45မိမိတို့ဥစ္စာ ပစ္စည်း များကိုရောင်း ပြီးလျှင်၊ လူများ ဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ခြင်းကို ပြု ကြ၏။
2 Corinthians 8:2ထိုအသင်းတော် တို့သည် ညှဉ်းဆဲ ခြင်းအားဖြင့် များစွာ သောစုံစမ်း ခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက် ခြင်းနှင့် ၊ ဥစ္စာပြုန်းတီး သော ဆင်းရဲ ခြင်းအကြောင်းသည်၊ သူ တို့၏စွန့်ကြဲ ပေးကမ်းခြင်း စည်းစိမ် ကို ဖြစ်စေ၍ ကြွယ်ဝ ပြည့်စုံ၏။