တမန်တော်ဝတ္ထု 8:2
တရားကိုရိုသေ သောသူ တို့သည် သတေဖန် ကို သင်္ဂြိုဟ် ၍ ပြင်းစွာ သောငိုကြွေး မြည်တမ်းခြင်းကို ပြု ကြ၏။
မြန်မာကျမ်းစာ
In The King James Version
And devout men carried Stephen to his burial, and made great lamentation over him.
In Context
Cross References
Genesis 23:2ခါနာန် ပြည်၊ ဟေဗြုန် မြို့တည်းဟူသော၊ ကိရယသာဘ မြို့၌ သေ လေ၏။ အာဗြဟံ သည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေး ခြင်းငှါ လာ ၏။
Genesis 50:10ယော်ဒန် မြစ်နား မှာ အာတဒ် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ အလွန် ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်းကို ပြု ကြပြန်၏။ ယောသပ်သည် မိမိ အဘ ကြောင့် ခုနစ် ရက်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်း ကိုပြု လေ၏။
Deuteronomy 34:8ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။
2 Samuel 3:31ဒါဝိဒ် ကလည်း ၊ ယွာဘ နှင့် မိမိ ၌ ရှိသော သူ အပေါင်း တို့အား ၊ သင် တို့အဝတ် ကိုဆုတ် ၍ လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အာဗနာ အတွက် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြလော့ဟု အမိန့် တော်ရှိ၍ ကိုယ်တော်တိုင် မသာလိုက် လေ၏။
2 Chronicles 35:25ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။
Jeremiah 22:10သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။