Amos 2:3
မောဘ ပြည်အလယ် ၌ တရားသူကြီး ကို ငါပယ်ဖြတ် ၍ ၊ သူ နှင့်တကွ မှူးမတ် အပေါင်း တို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 24:17ထိုအရာကို ငါမြင် ၏။ သို့သော်လည်း ယခု မ ဖြစ်ရသေး။ ထိုအရာကို ငါရှု ၏။ သို့သော်လည်း ဖြစ် ရသောအချိန် မ နီး သေး။ ကြယ် တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း ၍ ၊ ရာဇလှံတံ သည် ဣသရေလ အမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘ ပြည်စွန်း တိုင်အောင်ထိခိုက် ၍ မငြိမ်မဝပ် ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်း တို့ကို ဖျက်ဆီး လိမ့်မည်။
Isaiah 40:23မင်း တို့ကို ရှုတ်ချ ၍၊ မြေကြီး တရားသူကြီး တို့ကို အနတ္တ ကဲ့သို့ ဖြစ် စေတော်မူသောသူ ပေတည်း။
Jeremiah 48:25မောဘ ၏ဦးချို သည် ပြတ် လေပြီ။ သူ ၏လက်ရုံး သည် ကျိုး လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။