Amos 2:4
တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယုဒ အမျိုးသည် ထာဝရဘုရား စီရင် တော်မူချက်တို့ကို မ စောင့် ၊ ပညတ် တရားတော်ကို စွန့်ပစ် ၍ ၊ ဘိုးဘေး တို့ လိုက် ဘူးသော မိစ္ဆာဒိဌိ အားဖြင့် မှားယွင်း သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။
မြန်မာကျမ်းစာ
In The King James Version
In Context
5ယုဒ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ယေရုရှလင် မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
Cross References
Deuteronomy 31:16တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။
Judges 2:11ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။
2 Samuel 12:9သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
2 Kings 22:11ရှင် ဘုရင်သည် ပညတ္တိ ကျမ်း စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍၊ “
2 Chronicles 30:7ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား သော သင် တို့၏အဘ များ၊ ညီအစ်ကို များကဲ့သို့ မ ပြု ကြနှင့်။ ပြစ်မှားသော ထိုသူ တို့ကို သင် တို့မြင် သည် အတိုင်း ၊ သုတ်သင် ပယ်ရှင်းခြင်းသို့ အပ် တော်မူပြီ။
Nehemiah 1:7အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေ အမျိုးတို့သည် ပြစ်မှား ပါပြီ။ ကိုယ်တော် ကို ပြစ်မှား၍၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော် ကျွန် မောရှေ ၌ ထား တော်မူသော ပညတ် တရား၊ စီရင် ထုံးဖွဲ့တော်မူချက် တို့ကို မ စောင့် ဘဲနေပါပြီ။