Amos 3:8
ခြင်္သေ့ ဟောက် သောအခါ၊ အဘယ် သူမျှမ ကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင် ထာဝရဘုရား မိန့် တော်မူသောအခါ၊ အဘယ် သူသည် ပရောဖက် မ ပြုဘဲနေလိမ့်မည်နည်း။
မြန်မာကျမ်းစာ
In The King James Version
The lion hath roared, who will not fear? the Lord GOD hath spoken, who can but prophesy?
In Context
7အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့အား မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။
Cross References
Job 32:18ငါသည် ပြောစရာစကား နှင့် ပြည့်ဝ ၏။ အတွင်း ဝိညာဉ် နှိုးဆော် ခြင်းကို ခံရ၏။
Isaiah 21:10ငါ နင်း နယ်၍ ငါ့ တလင်း ပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ ဘုရား သခင် မိန့်တော်မူသည်ကို ငါကြား ရသည် အတိုင်း ၊ သင် တို့အား ငါဆင့်ဆို သတည်း။
Jeremiah 26:12ယေရမိ ကလည်း ၊ သင်တို့ကြား သမျှ အတိုင်း၊ ဤ အိမ် တော်နှင့် ဤ မြို့ တော်ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောစေခြင်းငှါ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူပြီ။
Amos 2:12သင်တို့မူကား ၊ နာဇရီ လူသောက် ဘို့ စပျစ်ရည် ကိုပေးကြပြီ။ ပရောဖက် တို့ကိုလည်း ၊ ပရောဖက် ပြု၍ မ ဟော ကြနှင့်ဟု မြစ်တား ကြပြီ။
Amos 7:12အာမုတ် ကို လည်း ခေါ် ၍၊ အိုပရောဖက် ၊ ယုဒ ပြည် သို့ ပြေး သွားလော့။ ထို ပြည်မှာ ပရောဖက် ပြု၍ အသက် မွေးလော့။
Amos 7:15ထာဝရဘုရား သည် နွား ကျောင်း ရာမှ ငါ့ ကို နှုတ်ယူ ၍၊ သင်သွား လော့။ ငါ ၏လူ ဣသရေလ အမျိုးတွင် ပရောဖက် ပြုလော့ဟု မိန့် တော်မူ၏။