The Bible Software
Amos · မြန်မာကျမ်းစာ

Amos 3

1အိုဣသရေလ အမျိုးသား တို့၊ အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သော အမျိုးသား အပေါင်း တို့၊ သင် တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့် တော်မူသောစကား ကို နားထောင် ကြလော့။

2မြေကြီး ပေါ်မှာနေသောအမျိုးသား အပေါင်း တို့တွင် သင် တို့တမျိုး တည်းကိုသာ ငါလက်ခံ သောကြောင့် ၊ သင် တို့အပြစ် ရှိသမျှ တို့ကို ငါစစ်ကြော မည်။

3လူနှစ် ဦးသည် သဘော မ တူလျှင် ၊ ပေါင်းဘော် ၍ ခရီးသွား နိုင်သလော ။

4ခြင်္သေ့ သည် ဘမ်းစရာ မ ရှိလျှင် ၊ တော ၌ ဟောက် လိမ့်မည်လော ။ ခြင်္သေ့ပျို သည် အဘယ်အရာကိုမျှမ ဘမ်းမိ လျှင် ၊ တွင်း ထဲက အသံ ပြု လိမ့်မည်လော ။

5မြေ ပေါ်မှာ ကျော့ကွင်း နှင့်မ ထောင် လျှင် ၊ ငှက် ကို ကျော့မိ လိမ့်မည်လော ။ ထောင် ထားသော ကျော့ကွင်း ၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွား လိမ့်မည်လော ။

6မြို့ ထဲမှာ တံပိုး မှုတ် လျှင် ၊ မြို့သား တို့သည် မ ကြောက် မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင် တော်မ မူဘဲ ဘေး တစုံတခုသည် မြို့ ထဲမှာ ရောက် လိမ့်မည်လော။

7အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့အား မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။

8ခြင်္သေ့ ဟောက် သောအခါ၊ အဘယ် သူမျှမ ကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင် ထာဝရဘုရား မိန့် တော်မူသောအခါ၊ အဘယ် သူသည် ပရောဖက် မ ပြုဘဲနေလိမ့်မည်နည်း။

9အာဇုတ် မြို့ ဘုံ ဗိမာန်တို့နှင့် အဲဂုတ္တု ပြည် ဘုံ ဗိမာန်တို့တွင် သိတင်းကြားပြော ရမည်မှာ ၊ ရှမာရိ တောင် တို့ အပေါ် မှာစုဝေး ၍ ၊ ရှမာရိ မြို့ထဲမှာ ရုန်းရင်းခတ် ခြင်းအမှုကို၎င်း ၊ မြို့ ထဲမှာ ညှဉ်းဆဲ ခံရသောသူတို့ကို၎င်း ကြည့်ရှု ကြလော့။

10မြို့သားတို့သည် တရား သောအမှုကို မ ပြု တတ်၊ အနိုင်အထက် ပြု၍ လုယူ သောဥစ္စာကို ဘုံ ဗိမာန်တို့၌ သိုထား တတ်ကြသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

11ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရန်သူ တို့သည် ရှမာရိပြည် ကိုဝိုင်း ပြီးလျှင် ၊ သင် ၏အစွမ်း သတ္တိကို နှိမ့်ချ ၍ ၊ ဗိမာန် တို့ကို ဖြိုဖျက် ကြလိမ့်မည်။

12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိုးထိန်း သည် ခြင်္သေ့ နှုတ် ထဲက ခြေ နှစ်ခု ၊ သို့မဟုတ် ၊ နားရွက် တပိုင်း ကို နှုတ်ယူ သကဲ့သို့ ရှမာရိ မြို့၌ ခုတင် ထောင့် ၊ ဒမာသက် မွေ့ရာ ဖုံပေါ်မှာ ထိုင် သော ဣသရေလ အမျိုးသား တို့ကို နှုတ်ယူ ရလိမ့်မည်။

13ကောင်းကင်ဗိုလ်ခြေ ကို အစိုးပိုင်သော ဘုရား သခင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကို သင်တို့သည် နားထောင် ၍ ယာကုပ် အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊

14အကယ် စင်စစ်ဣသရေလ အမျိုး၏ အပြစ် တို့ကို စစ်ကြော သောနေ့ ၌ ၊ ဗေသလ ယဇ် ပလ္လင်တို့ကို ငါစစ်ကြော လျက် ၊ ယဇ် ပလ္လင်ဦးချို တို့ကိုဖြတ် ၍ မြေ ပေါ် သို့ချ မည်။

15ဆောင်း ကာလ၌ စံသောနန်းတော် နှင့် နွေ ကာလ၌စံသော နန်းတော် တို့ကို ငါထိခိုက် ၍ ၊ ဆင်စွယ် ဖြင့် ပြီးသော အိမ် တို့ကိုဖျက်ဆီး မည်။ ဘုံ ဗိမာန်တို့သည်လည်း ဆုံး ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

← Amos 2Read In The App, Free →Amos 4 →

Study Amos 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789