Amos 3:9
အာဇုတ် မြို့ ဘုံ ဗိမာန်တို့နှင့် အဲဂုတ္တု ပြည် ဘုံ ဗိမာန်တို့တွင် သိတင်းကြားပြော ရမည်မှာ ၊ ရှမာရိ တောင် တို့ အပေါ် မှာစုဝေး ၍ ၊ ရှမာရိ မြို့ထဲမှာ ရုန်းရင်းခတ် ခြင်းအမှုကို၎င်း ၊ မြို့ ထဲမှာ ညှဉ်းဆဲ ခံရသောသူတို့ကို၎င်း ကြည့်ရှု ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 29:24ထာဝရဘုရား သည် ဤ ပြည် ၌ အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်း။ ဤ ပြင်းစွာ သော အမျက် တော် အရှိန် ကား၊ အဘယ်သို့ နည်းဟု လူ အမျိုးမျိုး တို့သည် မေးမြန်း ကြလျှင်၊
2 Samuel 1:20ထိုသိတင်းကို ဂါသ မြို့၌ မ ပြော ကြနှင့်။ အာရှကေလုန် မြို့လမ်း တို့၌ မ ကြား မပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီး တို့သည် ဝမ်းမြောက် ၍ အရေဖျား လှီးခြင်းကို မခံသော အမျိုးသမီး တို့သည် ရွှင်လန်း ကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
Proverbs 11:16နှစ်သက် ဘွယ်သောမိန်းမ သည် ဂုဏ် အသရေကို၎င်း ၊ ခွန်အား ကြီးသော ယောက်ျားသည် စည်းစိမ် ကို၎င်း ရ တတ်၏။
Jeremiah 2:10ခိတ္တိမ် ကျွန်း တို့သို့ကူး ၍ ကြည့်ရှု ကြလော့။ ကေဒါ ပြည်သို့ လူကို စေလွှတ် ၍ ၊ ထို သို့ ဖြစ် ဘူးပြီလောဟု စေ့စေ့ ကြည့်ရှု ဆင်ခြင်ကြလော့။
Jeremiah 31:5ရှမာရိ တောင် ပေါ် မှာ စပျစ် ဥယျာဉ်ကို တဖန် စိုက် လိမ့်မည်။ ဥယျာဉ်လုပ် သောသူတို့သည် စိုက်ပျိုး ၍ ၊ အသီးကို ကိုယ်အလိုအလျောက်စား ရကြလိမ့်မည်။
Jeremiah 46:14သင့် ပတ်လည် ၌နေသောသူတို့ကို ထား တော် သည် ကိုက်စား ပြီ။ ကိုယ် ကိုပြင်ဆင် ၍ မြဲမြံစွာ နေ လော့ ဟု အဲဂုတ္တု ပြည်၌ ကြွေးကြော် ကြလော့။ မိဂဒေါလ မြို့၌ သိတင်းကြား ကြလော့။ နောဖ မြို့၊ တာပနက် မြို့၌ လည်း ကြားပြော ကြလော့။