Amos 4:12
သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး၊ အထက်က ပြုသကဲ့သို့သင် တို့၌ ငါပြု ဦးမည်။ ထိုသို့ ပြု မည်ဖြစ်သောကြောင့် ၊ အိုဣသရေလ အမျိုး၊ သင် ၏ဘုရား သခင်နှင့် တွေ့ ခြင်းငှါ ကိုယ်ကို ပြင်ဆင် လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 47:3သင် သည် အဝတ်အချည်းစည်း ရှိ၍ ၊ အရှက် ကွဲ ခြင်းကိုခံရမည်။ ငါသည် အပြစ်ဒဏ် ကိုပေး မည်။ အဘယ်သူ နှင့်မျှ မိဿဟာယ မ ဖွဲ့။
Ezekiel 22:30ထိုပြည် ကို ငါမ ဖျက်ဆီး စေခြင်းငှါ ကွယ်ကာသောသူ၊ မြို့ရိုး ပျက် ပေါ်မှာ ရပ် ၍ ဆီးတား သောသူ တယောက်ကိုမျှ ငါရှာ ၍မ တွေ့ ။
Amos 2:14အပြေး ကောင်းသောသူသည် ပြေး သောအခွင့်ကို မရ။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ကို ထုတ် ရ သောအခွင့်မ ရှိရ။ သူရဲ သည် ကိုယ်ကို မ ကယ်လွှတ် ရ။
Amos 5:4ထာဝရဘုရား သည် ဣသရေလ အမျိုး အား မိန့် တော်မူသည်ကား ၊ ငါ့ ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။
Matthew 5:25တရားတွေ့ဘက် နှင့်အတူ လမ်း ၌ သွားစဉ် တွင်ပင်၊ သူ ၏စိတ် ကို ပြေစေခြင်းငှာ အလျင်အမြန် ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး ၌ အပ် မည်။ တရားသူကြီး သည်လည်း လုလင် ခေါင်း၌ အပ်၍ ထောင် ထဲ၌ လှောင် ထားမည်။
Mark 13:32ထို အချိန် နာရီ ကိုကား ၊ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှမသိ ။ ကောင်းကင် တမန် များမ သိ။ သား တော် လည်းမ သိ။”