Amos 7:8
အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ ချိန်ကြိုး ကို မြင် ပါသည်ဟု လျှောက် သော် ၊ ဘုရား ရှင်က၊ ငါ ၏လူ ဣသရေလ အမျိုး အလယ် ၌ ချိန်ကြိုး ကို ငါ ချ မည်။ နောက် တဖန် သူ တို့ကို သည်း မ ခံ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 21:13ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည်
Jeremiah 1:11တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍၊ ယေရမိ ၊ သင် သည်အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါ က၊ အကျွန်ုပ်သည် ဗာတံ ကိုင်း ကို မြင် ပါ၏ဟု လျှောက် သော် ၊
Lamentations 2:8ထာဝရဘုရား သည် ဇိအုန် သတို့သမီး ၏မြို့ရိုး ကို ဖြိုဖျက် မည်ဟု အကြံ တော်ရှိသည်အတိုင်း ၊ ကြိုး ကိုတန်း ၍ အစဉ်မပြတ်ဖြိုဖျက် တော်မူသဖြင့် ၊ အတွင်းမြို့ရိုး နှင့် ပြင်မြို့ရိုး တို့သည် အတူ ညည်းတွား ၍ ငိုကြွေးမြည်တမ်းရမည် အကြောင်းပြု တော်မူပြီ။
Hosea 1:6တဖန် ပဋိသန္ဓေ ယူ၍ သမီး ကိုဘွားမြင် လေ၏။ ထို သမီးကို လောရုဟာမာ အမည် ဖြင့် မှည့် လော့။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး ကို နောက် တဖန် မ သနား မစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်း မည်။
Micah 7:18အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။
Zechariah 4:2သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု ၍ ရွှေ အတိပြီးသော ဆီမီးခုံ ကို မြင် ပါ၏။ မီးခုံ တိုင်အဖျား ၌ ဆီအိုး တလုံး၊ မီးခွက် ခုနစ် လုံး၊ ဆီအိုးနှင့် မီးခွက် ခုနစ် လုံး ဆက်သော ပြွန်တံ ခုနစ် တံရှိပါ၏။