Amos 8:10
သင် တို့ပွဲ ခံခြင်းကို ညည်းတွား ခြင်းဖြစ်စေ မည်။ သီချင်း ဆိုခြင်းရှိသမျှ ကို ငိုကြွေး ခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေ အဝတ်နှင့် ခါး ကိုစည်းစေခြင်းငှါ၎င်း ၊ ဆံပင် ကိုရိတ် စေခြင်းငှါ ၎င်း ငါစီရင် မည်။ တယောက် တည်းသောသား သေသည်အတွက် မြည်တမ်း ခြင်းကဲ့သို့ ၎င်း ၊ အဆုံး ၌ ခါး စွာသောနေ့ ကဲ့သို့ ၎င်း ငါဖြစ်စေ မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 16:14ထိုပွဲ ခံစဉ်၊ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
2 Samuel 13:28အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
Job 20:23သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။
Isaiah 15:2ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန် မြို့၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေး ကြ၏။ မောဘ ပြည်သူတို့ သည် နေဗော မြို့၊ မေဒဘ မြို့ပေါ် မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူ တို့ခေါင်း ပေါ် မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ် ကိုလည်း ရိတ် ပယ် ပြီ။
Isaiah 22:12ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
Jeremiah 48:37လူတိုင်းဆံပင် တိုလျက် ၊ မုတ်ဆိတ် ကိုရိတ် လျက်၊ လက် ၌ ရှန လျက်၊ ခါး ၌ လျှော်တေ အဝတ်ကို ဝတ်လျက် ရှိရ၏။