Amos 8:11
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 28:6ထာဝရဘုရား ကို မေးလျှောက် သော်လည်း ထာဝရဘုရား သည် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ၎င်း ၊ ဥရိမ် အားဖြင့် ၎င်း ၊ ပရောဖက် အားဖြင့် ၎င်း ထူးတော်မမူ။
2 Chronicles 15:3ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန် သော ဘုရား မ ရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊
Isaiah 5:6ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
Ezekiel 7:26ဘေး တခုနောက်တခု၊ သိတင်း တခုနောက်တခု ပေါ် လာလိမ့်မည်။ ပရောဖက် ထံမှာ ဗျာဒိတ် ရူပါရုံကို ရှာ သော်လည်း မရကြ။ ယဇ် ပုရောဟိတ်တို့သည် တရား ဟော သောအခွင့်၊ အသက်ကြီး သောသူတို့ သည် အကြံ ပေးသောအခွင့်ကို မ ရဘဲနေ ကြလိမ့်မည်။
Matthew 9:36အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ထိန်း သူမ ရှိ ဘဲပစ် ထားသောသိုး ကဲ့သို့ ဖြစ် ကြ၏။