Isaiah 22:12
ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 35:25ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။
Nehemiah 8:9လူ အပေါင်း တို့သည် ပညတ္တိ ကျမ်းစကား ကို ကြား သောအခါ ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ သားတို့က၊ ဤ သည်နေ့ ရက်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုကြနှင့်။
Job 1:20ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
Ecclesiastes 3:11ခပ်သိမ်း သောအရာတို့ကို မိမိ တို့အချိန် တန်မှ၊ လျောက်ပတ် စွာ ဖန်ဆင်း တော်မူပြီ။ လူ စိတ် နှလုံးကို လည်း အနန္တ ကာလ၌ စွဲလန်း စေတော်မူပြီ။ သို့ရာတွင် ၊ ဘုရား သခင်စီရင် တော်မူသော အမှု ကို၊ အစ မှ အဆုံး တိုင်အောင် ၊ လူ သည် စစ် ၍မ ကုန်နိုင်။
Isaiah 37:1ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့ သွား လေ၏။
Jeremiah 4:8ထို အကြောင်းကြောင့် လျှော်တေ အဝတ်ကို ဝတ် စည်းလျက်၊ ငိုကြွေး မြည်တမ်း ၍ အော်ဟစ်ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ ပြင်းစွာ သော အမျက် တော်သည် ငါ တို့မှ လွှဲ ရှောင်၍ မ သွားသေး။