Amos 9:6
အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီး ပေါ် မှာ တည် တော်မူ၏။ သမုဒ္ဒရာ ရေ ကိုခေါ် ၍ မြေကြီး ပြင် ၌ သွန်းလောင်း တော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား တည်းဟူသော ဘွဲ့နာမ ရှိတော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 7:11နောဧ အသက် ခြောက် ရာ စေ့သောနှစ် ၊ ဒုတိယ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် ၊ ကြီးစွာ သော နက်နဲ ရာ ရေ ပေါက်ရေတွင်းတို့၏ အဆီး အတားရှိသမျှ ကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်ဝ များကို ဖွင့် သဖြင့်၊
Exodus 3:14ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
Psalms 104:5မြေကြီး အမြစ် ကို ကာလ အစဉ်အမြဲ မ ရွေ့ မလှုပ် စေခြင်းငှါ၊ တည် တော်မူသောဘုရားပေတည်း။
Jeremiah 5:22ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပင်လယ် မ လွန် နိုင်အောင် ဆီးတား ဘို့ရာ သဲ ကိုထာဝရ အပိုင်း အခြားခန့် ထားသော ငါ့ ကို သင်တို့သည် မ ကြောက် ကြ သလော။ ငါ ၏ရှေ့ တော်၌ မ တုန်လှုပ် ကြသလော။ ပင်လယ် လှိုင်း တံပိုးတို့သည် ထ ၍ မ နိုင် ၊ ဟုန်း ၍မကျော် မ လွန်နိုင်သော်လည်း၊
Amos 5:8ခိမ ကြယ်စုနှင့် ခသိလ ကြယ်ကို ဖန်ဆင်း ထသော၊ သေမင်း အရိပ်ကို နံနက် အလင်း ဖြစ် စေခြင်းငှါ ၎င်း ၊ နေ့ အလင်းကို ညဉ့် အမိုက် ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ် ရေ ကိုခေါ် ၍ မြေ ပေါ် မှာသွန်းလောင်း ထသော၊ ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိထသော၊