Amos 9:7
အို ဣသရေလ အမျိုးသား တို့၊ သင် တို့သည် ငါ ၌ ကုရှ အမျိုးသား ကဲ့သို့ ဖြစ်ကြသည်မ ဟုတ်လော ။ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည် မှ ငါနှုတ်ဆောင် သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရ ပြည်မှ ၎င်း ၊ ရှုရိ လူတို့ကို ကိရ ပြည်မှ ၎င်း ငါနှုတ်ဆောင်ပြီ မ ဟုတ်လော ဟု ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 2:23ထိုအတူ ၊ ဟာဇရိမ် မြို့မှစ၍ အဇ္ဇာ မြို့တိုင်အောင် နေ ဘူးသော အာဝိမ် လူတို့ကို၊ ကတ္တောရ မြို့မှ ထွက် သော ကတ္တောရိမ် လူတို့သည် ဖျက်ဆီး ၍ သူ တို့ နေရာ ၌ နေ ကြ၏။
Isaiah 20:4ထိုနည်းတူ ၊ အဲဂုတ္တု လူများကို အရှက် ခွဲခြင်း အလိုငှါ၊ အာရှုရိ ရှင် ဘုရင်သည် အဲဂုတ္တု လူနှင့် ကုရှ လူအကြီး အငယ် တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါး ကိုမျှ မ ဖုံးစေဘဲ၊ ဘမ်းဆီး ချုပ်ထားသိမ်း သွား လိမ့်မည်။
Isaiah 43:3အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
Jeremiah 13:23အဲသယောပိ လူသည် မိမိ အရေ ၏ အဆင်းကို၎င်း၊ ကျားသစ် သည် မိမိ အကွက် အကျားတို့ကို၎င်းပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက် ကို ပြုလေ့ရှိသောသူတို့ သည်၊ သုစရိုက် ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
Hosea 12:13ထာဝရဘုရား သည် ပရောဖက် အားဖြင့် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ ကယ်နှုတ် ၍ ၊ ပရောဖက် အားဖြင့် လည်း စောင့်မ တော်မူ၏။
Amos 2:10သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ယူ ၍ အာမောရိ ပြည် ကို ဝင်စား စေခြင်းငှါ ၊ အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် ပြီ။