The Bible Software
Daniel · မြန်မာကျမ်းစာ

Daniel 1

1ယုဒ ရှင်ဘုရင် ယောယကိမ် နန်းစံ သုံး နှစ် တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့သို့ ချီလာ၍ ဝန်းရံ လေ၏။

2ထာဝရ ဘုရားသည် ယုဒ ရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန် တော်တန်ဆာ အချို့ တို့ကို နေဗုခဒ်နေဇာလက် သို့ အပ်နှံ တော်မူ၍ ၊ ထိုတန်ဆာ များကို နေဗုခဒ်နေဇာမင်းသည် ရှိနာ ပြည် ၌ရှိသောမိမိ ဘုရား ၏ကျောင်း သို့ ယူ သွားပြီးလျှင် ၊ ရွှေ တိုက်၌ သွင်း ထားတော်မူ၏။

3ထိုအခါ ရှင် ဘုရင်သည် မိန်းမစိုး အုပ် အာရှပေနတ် ကို ခေါ်တော်မူ၍၊

4မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။

5ပွဲတော်မှ ကြွင်းသောအစာ နှင့် သောက် တော်မူသော စပျစ်ရည် ကို နေ့ တိုင်းပေး၍ သုံး နှစ် ကျွေးမွေးပြီးမှ၊ အမှု တော်ထမ်းရမည်အကြောင်းစီရင် တော်မူ၏။

6ထိုသူ တို့တွင် ယုဒ အမျိုးသား ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့သည် ပါ ကြ၏။

7မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။

8ဒံယေလ မူကား ၊ ပွဲတော်မှကြွင်းသောအစာ နှင့် သောက် တော်မူသောစပျစ်ရည် ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံ ရှိ၍၊ မိမိကို မ ညစ်ညူး စေမည်အကြောင်း ၊ မိန်းမစိုး အုပ်ကို အခွင့် တောင်း၏။

9ဘုရား သခင်ပြုပြင်တော်မူသောအားဖြင့် ၊ မိန်းမစိုး အုပ်သည် ဒံယေလ ကို အလွန်ချစ် သနားသော်လည်း ၊

10ငါ့ သခင် ကြည့်ရှုစေခြင်းငှါမိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲကို ငါ ကြောက် ၏။ သင် တို့အစား အသောက် ကို စီရင်တော်မူပြီ။ သင် တို့မျက်နှာ သည် အရွယ် တူ လူပျို တို့၏ မျက်နှာလောက် အဆင်း မလှ သည်ကို မြင် တော်မူလျှင် ၊ သင်တို့အတွက် ငါ သည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။

11ထိုအခါ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲ ကို ဒံယေလ က၊

12အကျွန်ုပ် တို့ စား သောက် စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေ ကိုသာ ဆယ် ရက် ပတ်လုံးပေးစမ်းပါ။

13ထိုနောက် ၊ အကျွန်ုပ် တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာ ကို စား သောလူပျို တို့၏မျက်နှာကို သခင် ရှေ့ ၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင် ပြီးမှ ၊ အကျွန်ုပ်တို့ကို စီရင် တော်မူပါဟုပြော လျှင်၊

14စားတော်ကဲသည် ဝန်ခံ ၍ ဆယ် ရက် စုံစမ်း လေ၏။

15ဆယ် ရက် စေ့ လျှင် သူ တို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာ ကို စား သော လူပျို အပေါင်း တို့၏ မျက်နှာထက် အဆင်း လှ၍ ဖွံ့ဝ လျက်ရှိ၏။

16ထိုအခါ စားတော်ကဲ သည် သူ တို့အစာ ကို၎င်း ၊ သူ တို့သောက် ဘို့ စပျစ်ရည် ကို၎င်းရုပ်သိမ်း ၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏။

17ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။

18နန်းတော်သို့ သွင်း စေခြင်းငှါ ချိန်းချက် တော်မူသော အချိန် ရောက် သော်၊ မိန်းမစိုး အုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်း လေ၏။

19ရှင် ဘုရင်သည် ထိုလုလင် တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့နှင့် တူ သောသူတယောက်မျှမ ရှိ သောကြောင့် ၊ သူတို့သည် အထံ တော်၌ ခစား ရသောအခွင့်အရာကို ရကြ၏။

20ရှင်ဘုရင် မေး တော်မူသမျှ သော အတတ် ပညာ ကို ထိုလုလင်တို့သည် နိုင်ငံ တော်၌ရှိသမျှ သော မာဂု ပညာရှိ၊ ဗေဒင် တတ်များထက် သာ၍ဆယ် ဆ တတ်ကြသည် ကို တွေ့မြင် တော်မူ၏။

21ဒံယေလ သည် ကုရု မင်းကြီး နန်းစံပဌမ နှစ် တိုင်အောင် ရှိ နေသတည်း။

← ယေဇကျေလအနာဂတ္တိကျမ်း 48Read In The App, Free →Daniel 2 →

Study Daniel 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112