Daniel 1:4
မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
3ထိုအခါ ရှင် ဘုရင်သည် မိန်းမစိုး အုပ် အာရှပေနတ် ကို ခေါ်တော်မူ၍၊
Cross References
Leviticus 21:18မျက်စိ ကန်းသောသူ ၊ ခြေဆွံ့ သောသူ၊ နှာခေါင်း ပိသောသူ၊ အင်္ဂါ ပိုလွန်သောသူ၊
Judges 8:18ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊
Proverbs 22:29ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။
Daniel 1:17ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။
Daniel 2:2အိပ်မက် တော်ကို ပြန်ပြော စေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ သူပြု ဆရာ၊ ခါလဒဲ ဆရာတို့ကို ခေါ် ချေဟု အမိန့် တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြသည်ရှိသော် ၊
Daniel 2:10ခါလဒဲ ဆရာတို့ကလည်း၊ အရှင် မင်းကြီး၏ အမှု အရာကို ဖြေ နိုင် မည်သူ ၊ မြေကြီး ပေါ် မှာ တယောက်မျှ မ ရှိ ပါ။ အဘယ်မည်သော ရှင် ဘုရင်သည် ဘုန်း တန်ခိုးကြီးသော်လည်း၊ မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့ မေးမြန်း လေ့မ ရှိပါ။