Daniel 7:25
အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကား ကို ပြော လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သန့်ရှင်း သူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ် တရားတို့ကို ပြောင်းလဲ စေခြင်းငှါ ကြံစည် လိမ့်မည်။ တကာလ ၊ နှစ်ကာလ ၊ ကာလ တဝက် ပတ်လုံးသူသည် အခွင့်ရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Daniel 2:21ကာလ အချိန် ဥတု များကို ပြောင်းလဲ စေတော်မူ ၏။ ရှင် ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက် တော်မူ၏။ ပညာရှိ တို့အား ပညာ ကို ပေး တော်မူ၏။ ဉာဏ် ရှိသောသူတို့ သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည် တတ်ကြ၏။
Daniel 4:32သင့် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့ နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရား သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့အား ပေး တော်မူသည်ကို မင်းကြီးမသိ မ မှတ်မှီကာလ ၊ ခုနစ် နှစ် ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား လျက်နေရမည်ဟု အသံ ဖြစ်လေ၏။
Daniel 7:20သူ၏ခေါင်း ၌ ရှိသော ချို ဆယ် ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံး ချောင်းကိုနှုတ်၍၊ ကြီး စွာသော စကားကို ပြော တတ် သော နှုတ် နှင့် မျက်စိ ရှိသဖြင့်၊ မိမိအဘော် တို့ ထက် သာ၍ရဲရင့်သော မျက်နှာအဆင်း ရှိသောချိုတချောင်းကား၊ အဘယ်သို့ဆိုလို သည်ကို၎င်းသိခြင်းငှါငါအလို ရှိ၏။
Daniel 8:11ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
Daniel 9:27တ သိတင်း တွင် လူအများ တို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တဝက် တွင် ယဇ် ပူဇော်ခြင်းနှင့် ဆက်ကပ် ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာ ဘွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီး သောသူသည် ရောက်၍၊ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီး အပ်သောသူတို့ ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
Daniel 11:30အကြောင်းမူကား၊ ခိတ္တိမ် သင်္ဘော တို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် ၊ စိတ်နာ လျက် ပြန် သွား၍ သန့်ရှင်း သော ပဋိညာဉ် တရားကို အမျက် ထွက်သည်အတိုင်းပြု ပြီးမှပြန် သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို စွန့်ပစ် သောသူတို့ နှင့် အဆွေဖွဲ့လိမ့်မည် ။