Daniel 8:25
သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Jeremiah 48:26မောဘ သည် ထာဝရဘုရား တဘက် ၌ ဝါကြွား သောကြောင့် သူ့ ကိုယစ်မူး စေကြလော့။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ ခြင်းကို ခံရ ၏။
Daniel 2:34ကိုယ်တော်သည် ကြည့်ရှု တော်မူစဉ် ၊ လက် ဖြင့် မ ထု မလုပ်ဘဲ အလိုလိုဖြစ်သော ကျောက် တလုံးသည် သံ နှင့် သရွတ် ဖြစ်သော ရုပ်တု ၏ခြေ ကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
Daniel 7:8ထိုချို တို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ် ၌ ချို ငယ် တချောင်းသည် ပေါက် ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင် ချို သုံး ချောင်းကို အမြစ် နှင့်တကွနှုတ်လေ၏။ ထို ချို ငယ်သည် လူ မျက်စိ ကဲ့သို့ သော မျက်စိ နှင့်၎င်း ၊ ကြီး စွာသော စကားကို ပြော တတ်သော နှုတ် နှင့်၎င်း ပြည့်စုံ၏။
Daniel 8:11ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
Daniel 11:12ထိုအလုံးအရင်း တို့ကို ပယ်ရှင်းပြီးမှ မာန စိတ် ပေါက်လျက်၊ အထောင် သောင်းမကများစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မ တည် စေရ။
Daniel 11:32ပဋိညာဉ် တရားကို ပြစ်မှား သောသူတို့ သည် ချော့မော့ ရာသို့ လိုက်၍ ယိုယွင်း ကြလိမ့်မည်။ မိမိ တို့ ဘုရား သခင်ကို သိ သောသူတို့မူကား ၊ ကြီးစွာ သောအားနှင့် ပြု ကြလိမ့်မည်။