Daniel 9:3
အစာ ကိုရှောင်လျက်၊ လျှော်တေ အဝတ်ကို ဝတ် လျက်၊ ပြာ နှင့်လူးလျက်၊ အရှင် ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ်၍ ဆုတောင်း ပဌနာပြု၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ezra 8:21ထိုအခါ ဥစ္စာ များမှစ၍သူငယ် များနှင့်တကွ ၊ ငါ တို့သွားစရာ မှန် သောလမ်း ကို ဘုရား သခင်၌ရှာ ၍ ၊ ရှေ့ တော်မှာ ခြိုးခြံ စွာကျင့် ခြင်းငှါ ၊ အဟာဝ မြစ် နားတွင် ၊ အစာ ရှောင်ရာအချိန်ကို ငါကြော်ငြာ ၏။
Ezra 10:6ထိုအခါ ဧဇရ သည် ဘုရား သခင်၏ အိမ် တော် ရှေ့ က ထ၍၊ ဧလျာရှိပ် သား ယောဟနန် အခန်း သို့ သွား ၏။ ရောက် သောအခါ မုန့် ကိုမ စား ၊ ရေ ကိုမ သောက် ဘဲ နေ၏။ အကြောင်း မူကား၊ သိမ်း သွားခြင်းကိုခံ ဘူးသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ညည်းတွား မြည်တမ်းလေ၏။
Nehemiah 9:1ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။
Esther 4:3ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။
Job 42:6ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။
Psalms 69:10အကျွန်ုပ်သည် ငိုကြွေး ၍ စိတ် နှလုံးပါလျက် ၊ အစာ ရှောင်သောအကျင့် ကြောင့် ပင် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။