Esther 4:3
ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်တို့၌ ယုဒ လူတို့သည် အလွန် ညည်းတွား ခြင်း၊ အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းကိုပြု၍၊ လူများ တို့သည် ပြာ နှင့် လျှော်တေ အဝတ်၌ အိပ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 4:13ရောက် သောအခါ ၊ ဧလိ သည် လမ်း နား ၌ ခုံ ပေါ် မှာထိုင် ၍၊ ဘုရား သခင်၏ သေတ္တာ တော်အတွက် စိတ် နှလုံးတုန်လှုပ် လျက် စောင့် နေ၏။ ပြေးသောသူသည် မြို့ ထဲ သို့ရောက် ၍ သိတင်းပြော သဖြင့် ၊ တမြို့လုံး အော်ဟစ် ကြ၏။
Esther 1:1အိန္ဒိယ ပြည်မှစ၍ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့ကို အစိုးရ သောရှင်ဘုရင်အာရွှေရု သည်၊
Esther 4:16နေ့ ညဉ့် မပြတ် သုံး ရက် ပတ်လုံးမ စား မ သောက် ဘဲနေ၍၊ အကျွန်ုပ် အဘို့ အစာရှောင် ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ် သည် လည်း ကျွန် မတို့နှင့်တကွ အစာရှောင် ခြင်းအကျင့်ကို ကျင့်ပါမည်။
Job 2:8ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။
Isaiah 22:12ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
Isaiah 58:5ငါနှစ်သက် သော အစာရှောင် ခြင်းသည် ထို သို့ သော လက္ခဏာရှိ သလော။ လူ သည် တ ရက်တွင် ခြိုးခြံ စွာကျင့် ခြင်း၊ ကိုင်း ပင်ကဲ့သို့ ဦးချ ခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာ ကို ခင်း ခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင် ခြင်း ဟူ၍၎င်း ၊ ထာဝရဘုရား နှစ်သက် တော်မူသော နေ့ ရက်ဟူ၍၎င်း မှည့် အပ်သလော။