တရားဟောရာကျမ်း 13:15
ထို မြို့သူ မြို့သားတို့ကို ထား နှင့် လုပ်ကြံ ရမည်။ မြို့ မှစ၍ မြို့၌ရှိသောလူ နှင့် တိရစ္ဆာန် အပေါင်း တို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 23:24သူ တို့ဘုရား များကို ဦး မ ချဝတ် မ ပြုရ။ သူ တို့ဘာသာ အတိုင်း မ ကျင့် ရ။ သူ တို့ကို အကုန်အစင်မှောက် လှဲ၍ ၊ ရုပ်တု ဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက် ရမည်။
Deuteronomy 2:34ထိုအခါ သူ ၏မြို့ ရှိသမျှ တို့ကို တိုက် ယူ၍၊ ယောက်ျား မိန်းမ သူငယ် တို့ကို တယောက်မျှ မ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြ၏။
Deuteronomy 7:16သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၌ အပ်ပေး တော်မူသောလူမျိုး အပေါင်း ကို ဖျက်ဆီး ရမည်။ သင် ၏မျက်စိ သည် သူ တို့ကို မ သနား ရ။ သူ တို့ ဘုရား အား ဝတ် မ ပြုရ။ ဝတ်ပြုလျှင်၊ ထိမိ ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။
Joshua 6:17မြို့ နှင့်တကွ မြို့ ၌ ရှိသမျှ တို့ကို ကျိန် ၍ ထာဝရဘုရား ၌ အပ်ရမည်။ သို့ရာတွင်ပြည်တန်ဆာ ရာခပ် သည် ငါတို့စေလွှတ် သော တမန် တို့ကို ဝှက် ထားသောကြောင့် ၊ သူ နှင့်တကွ သူ ၏အိမ် ၌ ရှိသမျှ တို့အား အသက် ချမ်းသာပေးရမည်။
Judges 20:3ဣသရေလ အမျိုးသားတို့သည် မိဇပါ မြို့သို့ သွား ကြောင်း ကို ဗင်္ယာမိန် အမျိုးသားတို့သည် ကြား သိကြ၏။ ဣသရေလ အမျိုးသားတို့က၊ ထို အဓမ္မ အမှုကားအဘယ်သို့ နည်းဟု မေးမြန်း လျှင်၊
Ezra 10:16သိမ်း သွားခြင်းကို ခံရသောအမျိုးသား တို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ် ဧဇရ သည် ရွေးချယ် ၍ အဆွေ အမျိုးအလိုက် အမည် များကို မှတ်သားသော အဆွေအမျိုးသူကြီး တို့သည် ဒသမ လ တ ရက် နေ့ တွင် ထိုအမှု ကို စစ်ကြော ခြင်းငှါ ထိုင် နေကြ၏။