Esther 6:13
မိမိ ၌ဖြစ် လေသမျှ ကို မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့အား ကြားပြော လေ၏။ မယား ဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိ တို့ကလည်း ၊ ကိုယ်တော်ရှုံး စ ရှိသော မော်ဒကဲ သည်၊ ယုဒ အမျိုး မှန်လျှင် ၊ ကိုယ်တော် သည် သူ့ ကို မ နိုင်။။ သူ့ ရှေ့ မှာ ဧကန် အမှန်ရှုံး ရမည် ဟု ပြန်ပြော ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 41:8နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
Deuteronomy 32:10လူ ဆိတ်ညံသောအရပ် ၊ သားရဲ မြည်၍၊ လွတ်လပ် သောတောလွင်ပြင် ၌ ယာကုပ် ကို တွေ့ တော်မူသောအခါ ဝန်းရံ ဆီးကာခြင်း၊ သွန်သင် ခြင်းကျေးဇူးကို ပြု၍ မျက် ဆန် တော်ကဲ့သို့ စောင့် တော်မူ၏။
Esther 5:10သို့ရာတွင် မိမိစိတ်ကို ချုပ်တည်း လျက်သွား ၍ ၊ မိမိ အိမ် သို့ ရောက် သောအခါ ၊ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ် ပြီးလျှင်၊
Job 16:2ထိုသို့ သောစကားများ တို့ကို ငါကြား ဘူးပြီ။ သင် တို့ရှိသမျှ သည် နှစ်သိမ့် စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်း စေသောသူဖြစ် ကြပါသည်တကား။
Proverbs 28:18ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်း လဲ လိမ့်မည်။
Daniel 5:26မေနေ ၏ အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော် ၏ နိုင်ငံ ကို ဘုရား သခင်ရေတွက် ၍ ဆုံး စေတော်မူ၏။