The Bible Software
Esther · မြန်မာကျမ်းစာ

Esther 6

1ထို နေ့ည မှာ ရှင် ဘုရင်သည် စက်တော်ခေါ် ၍ မပျော်နိုင်သောကြောင့် ၊ နန်းတော်မှတ်စာ ကို ယူ ခဲ့ဟု မိန့် တော်မူ၍ ရှေ့ တော်၌ ဘတ် ရကြ၏။

2ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်၊ ဗိဂသန် နှင့် တေရက် အကြံကို မော်ဒကဲ ဘော်ပြ ကြောင်း ကိုတွေ့ လျှင်၊

3ရှင် ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲ အား အဘယ် ဆုအဘယ်အရာကို ပေး ပြီနည်းဟုမေး တော်မူသော် ၊ အထံတော်၌ ခစား သော ကျွန် တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေး တော်မ မူပါသေးဟု ပြန် လျှောက် ကြ၏။

4ရှင် ဘုရင်ကလည်း ၊ တန်တိုင်း တွင်း၌ အဘယ်သူ ရှိသနည်းဟုမေး တော်မူလျှင်၊ ဟာမန် သည် မိမိလုပ် နှင့် သော လည်ဆွဲ ချတိုင်၌ မော်ဒကဲ ကို လည်ဆွဲ ချရမည် အကြောင်း ၊ နန်းတော် ပြင် တန်တိုင်း တွင်းသို့ ဝင် မိသည် ဖြစ်၍၊

5ရှင်ဘုရင် ၏ ကျွန် တို့က၊ ဟာမန် သည် တန်တိုင်း တော်တွင်း၌ ရှိ ပါ၏ဟု လျှောက် ကြသော် ၊ အထဲသို့ ဝင် စေ ဟု မိန့် တော်မူ၏။

6ဟာမန် သည်ဝင် လျှင် ရှင် ဘုရင်က၊ ရှင်ဘုရင်ချီးမြှောက် လို သော သူ ၌ အဘယ်သို့ ပြု သင့်သနည်းဟုမေး တော်မူလျှင် ၊ ဟာမန် က ငါ မှတပါး ၊ ရှင်ဘုရင် သာ၍ ချီးမြှောက် လိုသောသူ တစုံ တယောက်ရှိနိုင်သလောဟုစိတ်ထဲမှာ အောက်မေ့ လျက်၊

7-

8ရှင်ဘုရင် ချီးမြှောက် ခြင်းငှါအလို တော်ရှိသော သူ အဘို့၊ ရှင်ဘုရင် ဝတ်ဆင် တော်မူသော မင်းမြောက်တန်ဆာ ၊ ရှင်ဘုရင် စီး တော်မူသော မြင်း တော်၊ ဆောင်း တော်မူသောရာဇ သရဖူ ကိုယူ ခဲ့၍၊

9ထိုတန်ဆာ တော်နှင့် မြင်း တော်ကို ဘုန်းကြီးသောမှူး တော်မတ်တော်တပါး၌ အပ် ပြီးမှ ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ ၊ အလို တော်ရှိသော သူ ကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင် စေ၍ ၊ မြင်း တော်ကို စီး စေပြီးလျှင်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ၊ ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည် ဟု သူ့ ရှေ့ မှာ ကြွေးကြော် ပါစေဟု ရှင်ဘုရင် အား ပြန် လျှောက် လေ၏။

10ထိုအခါ ရှင် ဘုရင်က၊ သင်ပြော သည်အတိုင်း အလျင် အမြန်သွား၍၊ အဝတ် တန်ဆာနှင့် မြင်း တော်ကို ယူ ပြီးလျှင် ၊ ယုဒ အမျိုးသား၊ နန်းတော်တံခါး မှူးမော်ဒကဲ ၌ ပြု လော့။ သင်ပြော သမျှ တွင် ၊ တစုံ တခုမျှမ လပ် စေနှင့်ဟု ဟာမန် အား မိန့် တော်မူ၏။

11ထိုအခါ ဟာမန် သည် အဝတ် တန်ဆာတော်နှင့် မြင်း တော်ကို ယူ ၍ ၊ မော်ဒကဲ ကို ဝတ်ဆင် စေပြီးလျှင် ၊ မြင်းတော်ကိုစီး စေသဖြင့်၊ မြို့ တော်လမ်းမ ၌ ဆောင်သွားလျက် ရှင်ဘုရင် ချီးမြှောက် ခြင်းငှါ အလို တော်ရှိသော သူ ၌ ဤသို့ ပြု ရသည်ဟု သူ့ ရှေ့ မှာ ကြွေးကြော် ၏။

12သို့ပြီးမှ ၊ မော်ဒကဲ သည် နန်းတော်တံခါး သို့ ပြန်လာ ၏။ ဟာမန် မူကား ညည်းတွား လျက် ခေါင်း ကို ခြုံ လျက်၊ မိမိ အိမ် သို့ အလျင် အမြန်သွား ပြီးလျှင်၊

13မိမိ ၌ဖြစ် လေသမျှ ကို မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့အား ကြားပြော လေ၏။ မယား ဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိ တို့ကလည်း ၊ ကိုယ်တော်ရှုံး စ ရှိသော မော်ဒကဲ သည်၊ ယုဒ အမျိုး မှန်လျှင် ၊ ကိုယ်တော် သည် သူ့ ကို မ နိုင်။။ သူ့ ရှေ့ မှာ ဧကန် အမှန်ရှုံး ရမည် ဟု ပြန်ပြော ကြ၏။

14ထိုသို့ပြောဆို စဉ် တွင်၊ နန်းတော်မိန်းမစိုး တို့သည် လာ ၍ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် ကို အလျင် အမြန် ခေါ် သွားကြ၏။

← Esther 5Read In The App, Free →Esther 7 →

Study Esther 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910