ထွက်မြောက်ရာကျမ်း 10:22
မောရှေ သည် မိမိ လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ထူထပ် သော မှောင်မိုက် သည် သုံး ရက် ပတ်လုံးဖြစ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 10
Cross References
Exodus 20:21လူ များတို့သည်လည်း အဝေး ၌ ရပ် နေကြ၏။ မောရှေ မူကား ၊ ဘုရား သခင်ရှိတော်မူရာ ထူထပ် သော မှောင်မိုက်သို့ ချဉ်းကပ် လေ၏။
Deuteronomy 5:22ထို စကား တော်ကို ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ် သော မှောင်မိုက်ထဲက ကြီးစွာ သောအသံ နှင့် သင် တို့စည်းဝေးရာ ပရိသတ် အပေါင်း တို့အား မိန့် မြွက်တော်မူ၏။ ထပ် ၍မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက် ပြား နှစ် ပြား ပေါ် မှာရေး ၍ ငါ ၌ အပ် တော်မူ၏။
Psalms 105:28မှောင်မိုက် ကိုစေလွှတ် ၍ ၊ မိုက်မဲ စေတော်မူ၏။ သူတို့သည် နှုတ်ကပတ် တော်ကို ဆန့်ကျင် ဘက်မ ပြုရကြ။
Ezekiel 32:7သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။
Joel 2:2မိုက်မဲ သောနေ့ ၊ မိုဃ်း အုံ့၍ မှောင်မိုက် ထူထပ် သောနေ့ ဖြစ်၏။ နေအာရုန် သည် တောင် ထိပ်တို့ကို နှံ့ပြား သကဲ့သို့ ၊ အများ ဖြစ်၍အားကြီး သော အမျိုး သည် လာ၏။ ရှေး ကာလ ၌ ထိုသို့ မ ဖြစ် စဖူး။ နောင် ကာလ အစဉ်အဆက်၌လည်း မ ဖြစ် ရ လတံ့။
Amos 4:13တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။