The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 10

1တဖန် ထာဝရဘုရား က၊ သင်သည် ဖာရော ဘုရင်ထံ သို့ဝင် လော့။ ငါသည် ဤ နိမိတ် တို့ကို သူ ရှေ့ ၌ ပြ ခြင်းငှာ ၎င်း၊

2အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တု လူတို့တွင် ငါပြ သောနိမိတ် တို့ကို၊ သင် ၏သား မြေးတို့အား ကြား ပြောသဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှာ ၎င်း၊ သူ ၏နှလုံး ၊ သူ ၏ကျွန် တို့နှလုံး ကို ငါ ခိုင်မာ စေပြီဟု မောရှေ အား မိန့် တော်မူ၏။

3မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။

4သို့မဟုတ် ငါ ၏လူ တို့ကို မ လွှတ် ဘဲနေလျှင် ၊ ကြည့်ရှု လော့။ ကျိုင်းကောင် တို့ကို သင် ၏ပြည် သို့ နက်ဖြန် ငါ ဆောင် ခဲ့မည်။

5မြေ မ ထင်ပေါ် နိုင် အောင် သူတို့သည် မြေ မျက်နှာ ကို ဖုံးလွှမ်း ကြလိမ့်မည်။ မိုဃ်းသီး မဖျက်၊ သင် တို့၌ ကျန် ကြွင်း သေးသမျှကို၎င်း၊ သင် တို့အဘို့ မြေ ၌ ပေါက် သမျှသော အပင် တို့ကို၎င်းစား ကြလိမ့်မည်။

6သင် ၏ဘိုးဘေး တို့သည် မြေ ပေါ် မှာဖြစ် သည် ကာလ မှစ၍ ၊ ယနေ့ တိုင်အောင် မ မြင် ဘူးသကဲ့သို့၊ သင် ၏အိမ် များ၊ သင် ၏ကျွန် တို့အိမ် များ၊ အဲဂုတ္တု လူအပေါင်း တို့၏ အိမ် များတို့ကို ဖြည့် ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊ လှည့် ၍ ဖာရော ဘုရင်ထံမှ ထွက် သွားလေ၏။

7ဖာရော ဘုရင်၏ ကျွန် တို့ကလည်း ၊ ဤ လူသည် ငါ တို့ကို အဘယ်မျှ ကာလ ပတ်လုံးနှောင့်ရှက် ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူ တို့၏ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု မည်အကြောင်း အခွင့် ပေးတော်မူပါ။ အဲဂုတ္တု ပြည်ပျက် ကြောင်း ကို သိ တော်မ မူသေးသလောဟုလျှောက် ကြလျှင် ၊

8မောရှေ နှင့် အာရုန် ကို တဖန် ဖာရော ဘုရင်ထံ သို့သွင်း ပြန်၍ ၊ သင် တို့၏ဘုရား သခင်ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင် သွား ရသောသူတို့သည် အဘယ်သူ နည်းဟုမေး လျှင်၊

9မောရှေ က၊ အကျွန်ုပ်တို့သည် သူငယ် ၊ သူအို၊ သားသမီး ၊ သိုး ၊ နွား ပါလျက် သွား ပါမည်။ အကြောင်းမူကား ၊ ထာဝရဘုရား ရှေ့တော်၌ ပွဲ ခံရပါမည်ဟု ပြန်ဆို လေသော်၊

10ဖာရောမင်းက၊ သင် တို့နှင့် သူငယ် များကို ငါလွှတ် သည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့၌ ရှိစေသော။ သတိပြု ၊ မကောင်း သောအကြံကို ကြံကြသည်တကား။

11ထိုသို့ မ ဖြစ်ရာ။ အရင်တောင်း လျှောက်သည်အတိုင်း၊ ယောက်ျား ဖြစ်သောသူတို့သာသွား ၍ ထာဝရ ဘုရားအား ဝတ်ပြု ကြဟု မိန့် တော်မူသဖြင့်၊ သူ တို့ကို အထံ တော်မှ နှင် ကြလေ၏။

12ထာဝရဘုရား ကလည်း ၊ ကျိုင်း တို့သည် အဲဂုတ္တု ပြည် သို့ ရောက် လာ၍ မိုဃ်းသီး မဖျက်၊ မြေ ပေါ်မှာ ကျန်ရစ် သောအပင် ရှိသမျှ တို့ကို စား စေခြင်းငှာ ၊ အဲဂုတ္တု ပြည် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊

13မောရှေ သည် မိမိ လှံတံ ကို အဲဂုတ္တု ပြည် အပေါ် မှာ ဆန့် သဖြင့် ၊ ထို နေ့ နှင့် ထိုညဉ့် ပတ်လုံး ၊ အရှေ့ လေ ကို မြေ ပေါ် မှာထာဝရဘုရား လာ စေတော်မူ၍၊ နံနက် ရောက် မှ အရှေ့ လေ သည် ကျိုင်း တို့ကို ဆောင် ခဲ့လေ၏။

14ထိုကျိုင်း တို့သည် အဲဂုတ္တု ပြည် လုံး ကို လွှမ်းမိုး ၍ ၊ ပြည် နယ်နိမိတ် ရှိသမျှ အပေါ် မှာ နား သဖြင့် အလွန် များပြား ကြ၏။ ထိုသို့ သော ကျိုင်း တို့သည် ရှေး ကမ ဖြစ် စဖူး၊ နောက် ၌လည်း မ ဖြစ် ရလတံ့။

15မြေ မည်း သည်တိုင်အောင်မြေ တပြင်လုံး ကို ဖုံးအုပ် ၍ တပြည် လုံးတွင် မြက်ပင် ရှိသမျှ မိုဃ်းသီး နှင့် လွတ် သောသစ်သီး ရှိသမျှ ကို စား ကြသဖြင့် ၊ အဲဂုတ္တု ပြည် တရှောက်လုံး တွင် သစ်ပင် မြက်ပင် တို့၌ စိမ်း သောအရာ တစုံတခုမျှ မ ကျန်ရစ်။

16ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို အလျင်အမြန် ခေါ် ၍ ၊ သင် တို့၏ ဘုရား သခင် ထာဝရဘုရား ကို၎င်း ၊ သင် တို့ကို၎င်း ငါပြစ်မှား ပါပြီ။

17သို့ဖြစ်၍ သည်တခါ ငါ့ အပြစ် ကို သည်းခံ ပါလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည်၊ ဤ သေဘေး တခုကိုသာ ငါ မှ ပယ်ရှား ပါမည်အကြောင်း တောင်းပန် ပါဟု ဆို သည်ရှိသော်၊

18မောရှေသည် အထံ တော်မှ ထွက် ၍ ၊ ထာဝရဘုရား ကို တောင်းပန် လေ၏။

19ထာဝရဘုရား သည် အားကြီး သော အနောက် လေ ကို လွှတ် တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်း တို့ကို ဆောင်သွား ၍ ဧဒုံ ပင်လယ် ၌ ချ ပစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ကျိုင်း တကောင် မျှ မ ကျန်ရစ်။

20သို့သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်လေ၏။

21တဖန် ထာဝရဘုရား က၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ် ၍ တွေ့ရသောမှောင်မိုက် ဖြစ် စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊

22မောရှေ သည် မိမိ လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ထူထပ် သော မှောင်မိုက် သည် သုံး ရက် ပတ်လုံးဖြစ် လေ၏။

23ထိုအခါ တယောက်ကိုတယောက်မ မြင် နိုင်ကြ။ သုံး ရက် ပတ်လုံးအဘယ်သူမျှ မိမိ နေရာ မှ မ ထ ရကြ။ သို့ရာတွင် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မိမိ တို့နေရာ ၌ အလင်း ကို ရ ကြ၏။

24ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန်ကို ခေါ် ၍ ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင်သိုး နွား များကို ထား ခဲ့ကြစေ။ သူငယ် များကို ခေါ် ကြစေဟု မိန့် တော်မူ၏။

25မောရှေ ကလည်း ၊ ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် စရာဘို့ ယဇ်ကောင် များ၊ မီးရှို့ ရာပူဇော်သက္ကာများကို ကိုယ်တော် ပေး ရမည်။

26ကျွန်ုပ် တို့သည် တိရစ္ဆာန် များကို ဆောင်သွား ရမည်။ တကောင်မျှ မ ကျန်ရစ် ရ။ အကြောင်းမူကား ၊ သူ တို့အထဲက ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု စရာဘို့ ရွေး ယူရမည်။ ထာဝရ ဘုရားအား အဘယ် မည်သောအကောင်နှင့် ဝတ်ပြု ရမည်ကို ထို အရပ်သို့ မ ရောက် မှီ မ သိ ပါဟု ဆို လေသော်၊

27ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသားတို့ကို မ လွှတ် ။

28မောရှေ ကို လည်း ၊ ငါ့ ထံမှ ထွက် သွားလော့။ နောက် တဖန် ငါ့ မျက်နှာ ကို မ မြင် အောင် သတိပြု လော့။ ငါ့ မျက်နှာ ကို မြင် သောနေ့ ၌ သေ မည်ဟု မိန့် တော်မူ၏။

29မောရှေ ကလည်း ၊ မိန့် တော်မူချက်သည် လျောက်ပတ် ပါ၏။ မျက်နှာ တော်ကို နောက် တဖန်မ မြင် ပါဟု လျှောက်ဆို ၏။

← ထွက်မြောက်ရာကျမ်း 9Read In The App, Free →ထွက်မြောက်ရာကျမ်း 11 →

Study ထွက်မြောက်ရာကျမ်း 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940