ဝတ်ပြုရာကျမ်း 10:17
အပြစ် ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း ၏။ သင် တို့သည် ပရိသတ် တို့ အပြစ် ကိုခံ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကိုပေး တော်မူသည်ဖြစ်၍၊ သန့်ရှင်း ရာ ဌာန တော်၌ အဘယ်ကြောင့် မ စား သနည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 28:43အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်ထဲသို့ ဝင် သော် ၎င်း၊ သန့်ရှင်း ရာအရပ် ဌာန၌ ယဇ် ပလ္လင်အနားသို့ ချည်းကပ် သော် ၎င်း ၊ အပြစ် ရောက် ၍ မ သေ စေခြင်းငှါ ထိုသို့ ဝတ် ရမည်။ အာရုန် မှစ၍ သူ ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသောပညတ် တော် ဖြစ်သတည်း။
Leviticus 7:6အသားကို ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည်၊ သန့်ရှင်း ရာဌာန ၌ စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။
Leviticus 21:22သန့်ရှင်း သော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်း သော မုန့်ဖြစ်စေ၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို စား ရမည်။
Numbers 18:1တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ သင် နှင့် သင် ၏သား မြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင် တို့ယဇ်ပုရောဟိတ် အရာနှင့် ဆိုင်သော အပြစ် ကိုခံရ ကြမည်။
Ezekiel 4:4ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ် ၍ ၊ ဣသရေလ အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့ အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း သူ တို့အပြစ် ကိုခံရ မည်။
John 1:29နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။