ထွက်မြောက်ရာကျမ်း 3:11
မောရှေ ကလည်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ်၍၊ ဖါရော ဘုရင်ထံ သို့ဝင် သဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ရပါမည်နည်းဟု ဘုရား သခင်အား လျှောက် လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Exodus 4:10မောရှေ ကလည်း ၊ အို ဘုရား ရှင်၊ အကျွန်ုပ် သည် နှုတ် သတ္တိမ ရှိပါ။ အထက် ကလည်း မရှိပါ။ ကိုယ်တော် ကျွန် အား မိန့် တော်မူသောအခါ၌ပင် မရှိပါ။ နှုတ် လေး သောသူ၊ စကား နှေးနှေး ပြောတတ်သောသူဖြစ် ပါ၏ဟု ထာဝရဘုရား အား လျှောက် ဆို၏။
Judges 6:15ဂိဒေါင်ကလည်း ၊ အိုသခင် ၊ အကျွန်ုပ်သည် ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ် နိုင်ပါမည်နည်း။ အကျွန်ုပ် အဆွေအမျိုး သည် မနာရှေ အမျိုး၌ သာ၍ဆင်းရဲ ပါ၏။ အကျွန်ုပ် သည်လည်း ၊ ကိုယ် အဆွေအမျိုး ၌ အယုတ် ဆုံးသောသူဖြစ် ပါ၏ဟု လျှောက် လျှင်၊
2 Samuel 7:18ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ ထိုင် နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို ဤမျှ လောက်ချီးမြှောက် တော်မူ မည်အကြောင်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သောအမျိုး ဖြစ်ပါသနည်း။
1 Kings 3:9သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။
Isaiah 6:5ငါကလည်း၊ ငါ ၌ အမင်္ဂလာ ရှိ၏။ ငါအကျိုးနည်း ပြီ။ အကြောင်း မူကား၊ ငါ သည်ညစ်ညူး သော နှုတ်ခမ်း ရှိ လျက် ၊ ညစ်ညူး သောနှုတ်ခမ်း ရှိသောလူမျိုး တွင် နေ လျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားတည်း ဟူသောရှင် ဘုရင်ကို၊ ကိုယ် မျက်စိ နှင့်မြင် လေပြီတကားဟု ဆို ၏။
Acts 7:23အသက် လေးဆယ်စေ့ သောအခါ ဣသရေလ အမျိုးသား ဖြစ်သော မိမိ ညီအစ်ကို တို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။