ထွက်မြောက်ရာကျမ်း 3:12
ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့် ဘက် ၌ရှိ လိမ့်မည်။ ငါ သည် သင့် ကိုစေလွှတ် ခြင်း လက္ခဏာ သက်သေဟူမူကား၊ သင် သည်ထို လူ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ပြီးလျှင်၊ ဤ တောင် ပေါ် မှာ ဘုရား သခင်အား ဝတ်ပြု ရကြလိမ့်မည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 15:8အရှင် ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေ ခံရမည်ကို အဘယ်သို့ သိ ရပါအံ့နည်းဟု မေးလျှောက် လေ၏။
Genesis 31:3ထာဝရဘုရား ကလည်း ၊ သင် ၏ဘိုး ဘနေသောပြည် ၊ သင် ၏အမျိုးသား ချင်းထံ သို့ပြန် သွားလော့။ ငါသည် သင့် ဘက် ၌ရှိ နေမည်ဟု ယာကုပ် အား မိန့် တော်မူ ၏။
Exodus 4:12သို့ဖြစ်၍ ယခု သွားလော့။ သင် ၏ နှုတ် ၌ ငါ ရှိ ၍ ၊ သင် သည် အဘယ်သို့ ပြော ရမည်ကို သွန်သင် မည်ဟု မိန့် တော်မူ၏။
Exodus 8:27သို့ဖြစ်၍တော ၌ သုံး ရက် ခရီး သွား ၍ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ယဇ်ပူဇော် ကြပါမည်ဟု လျှောက်ဆို ၏။
Leviticus 1:1ထာဝရဘုရား သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲက အသံကို လွင့်လျက် မောရှေ ကို ခေါ် တော်မူ၍ ၊
Deuteronomy 31:23တဖန် နုန် ၏သား ယောရှု အား ထာဝရဘုရား က၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ ငါကျိန်ဆို သော ပြည် သို့ ဣသရေလ အမျိုးသား တို့ကို ဆောင်သွင်း ရမည်။ ငါ သည် သင် နှင့်အတူ ရှိ မည်ဟု မှာ ထားတော်မူ၏။