ထွက်မြောက်ရာကျမ်း 8:26
မောရှေ က ထိုသို့ မ ပြု သင့်။ ပြုလျှင်အဲဂုတ္တု လူ တို့၏ ရွံရှာ ဘွယ်သောအရာကို အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်ရပါမည်။ အဲဂုတ္တု လူတို့၏ ရွံရှာဘွယ် သောအရာကို သူ တို့မျက်မှောက် ၌ ယဇ်ပူဇော် လျှင် ၊ သူတို့သည် အကျွန်ုပ် တို့ကိုခဲနှင့်ပစ် ကြပါလိမ့်မည်မဟုတ် လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 8
Cross References
Genesis 43:32ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့် စား သော အဲဂုတ္တု လူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင် ကြ၏။ အဲဂုတ္တု လူတို့သည် ဟေဗြဲ လူတို့နှင့်အတူ မ စား ရ၊ ထို အမှုကို အဲဂုတ္တု လူတို့သည် ရွံ့ တတ်ကြ၏။
Exodus 3:18သူတို့သည် သင် ၏စကား ကို နားထောင် ၍ ၊ သင် သည် ဣသရေလ အမျိုးသားအသက်ကြီး သူများပါလျက်၊ အဲဂုတ္တု ရှင်ဘုရင် ထံ သို့ဝင် သဖြင့် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့် တွေ့ တော်မူပြီ။ အကျွန်ုပ် တို့၏ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ခြင်းငှါတော သို့ သုံး ရက် ခရီး သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ရမည်။
Deuteronomy 7:25သူ တို့ထုသော ရုပ်တု ဆင်းတုဘုရား များကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေ ငွေ ကို မ တပ်မက် ရ၊ မသိမ်းမယူရ။ ယူ လျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။
1 Kings 11:5ဇိဒုန် နတ်သမီး အာရှတရက် ၊ ရွံရှာ ဘွယ်သော အမ္မုန် ဘုရား မိလကုံ နောက် သို့ လိုက် ၍၊
Ezra 9:1ထို အမှုပြီး မှ၊ အကြီး အကဲတို့သည် ငါ့ ထံ သို့လာ ၍ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သား ရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ အမ္မုန် လူ၊ မောဘ လူ၊ အဲဂုတ္တု လူ၊ အာမောရိ လူတို့ ရွံရှာ ဘွယ်သောအကျင့် ကို ကျင့်ကြပါ၏။
2 Corinthians 6:14မယုံကြည် သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုး ကို မ ထမ်း ကြနှင့်။ တရား သော အမှုသည် မတရား သောအမှုကို အဘယ်သို့ လက်ခံ နိုင်မည်နည်း။ အလင်း သည်မှောင်မိုက် နှင့် အဘယ်သို့ ဆက်ဆံ နိုင်မည်နည်း။