ယေဇကျေလအနာဂတ္တိကျမ်း 46:2
မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 46
Cross References
1 Chronicles 17:16ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော် မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ် ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း။
2 Chronicles 6:13အမြင့်သုံးတောင်ရှိသောပလ္လင်ကိုလုပ်၍၊ တန်တိုင်းအလယ်၌ ထားနှင့်သော ထိုပလ္လင်ပေါ်သို့ တက်ပြီးလျှင်၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၊ ဣသရေလ အမျိုးပရိသတ်အပေါင်းတို့ အလယ်မှာဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊
2 Chronicles 29:29လက်စသတ်ပြီးမှ၊ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
Ezekiel 44:3မင်းသားအဘို့ဖြစ်၏။ မင်းသားသည် ထာဝရ ဘုရားရှေ့တော်၌ စားသောက်၍ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
Ezekiel 46:8မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
Matthew 26:39ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။