ဧဇရမှတ်စာ 3:5
ထို နောက်မှအမြဲ ပူဇော် ရသောယဇ်၊ လဆန်း နေ့၌ ၎င်း ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော ဓမ္မ ပွဲနေ့ ၌ ၎င်း ၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရား အား အလိုလို ပူဇော်သက္ကာကို ဆောင် ခဲ့သောသူ အသီး အသီးအဘို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:38ယဇ်ပလ္လင် ပေါ် မှာ ပူဇော် ရသော အရာ ဟူမူကား ၊ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို ယူ၍၊
Leviticus 1:3နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
Numbers 28:3တဖန် ဆင့်ဆို ရမည်မှာ၊ နေ့ တိုင်းအစဉ်အမြဲ မီးရှို့ ရာယဇ်ဘို့၊ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို ထာဝရဘုရား အား မီး ဖြင့်ပူဇော် ရမည်။
Numbers 28:14သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည်ခြောက် လောဃ၊ သိုး တကောင်နှင့် လေး လောဃ၊ သိုးသငယ် တကောင်နှင့် သုံး လောဃ ကို ပူဇော်ရမည်။ ထိုသို့ လ တိုင်း အစဉ်မပြတ်မီးရှို့ ရာ ယဇ်ကို ပူဇော်ရမည်။
Numbers 28:27ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
Numbers 29:8ထိုနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။