ကမ္ဘာဦးကျမ်း 15:17
တဖန် နေ ဝင် ၍ မိုက် သောအခါ ၊ ခွဲ ထားသော အသားအလယ်၌၊ မီးခိုး ထွက်သောမီးဖို ၊ မီး ထွန်းလင်းသော မီးခွက် သည် ထင်ရှားစွာ ရှောက်သွားလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 20:18လူ အပေါင်း တို့သည် မိုဃ်းချုန်း ခြင်း၊ လျှပ်ပြက် ခြင်း၊ တံပိုး သံ မြည်ခြင်း၊ တောင် ထဲကမီးခိုး ထွက်ခြင်း အကြောင်းအရာတို့ကို မြင် သောအခါ ၊ ကြောက် သောကြောင့် ရွှေ့၍ အဝေး ၌ ရပ် နေကြ၏။
Judges 6:21ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် မိမိ ကိုင် သော တောင်ဝေး ကို ဆန့် ၍ ၊ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကိုတို့ သဖြင့် ၊ ကျောက် ထဲက မီး ထ ၍ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကို လောင် ပြီးမှ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကွယ် လေ၏။
2 Samuel 22:9နှာခေါင်း တော်ထဲက မီးခိုး ထွက် ၍ ၊ နှုတ် တော်ထဲက မီးလောင် သောအားဖြင့် မီးခဲ တောက် လေ၏။
Isaiah 62:1ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။
Jeremiah 34:18နွားသငယ် ကို ထက်ခြမ်းခွဲ ၍ ၊ အလယ် သို့ ရှောက် သွားလျက်၊ ငါ့ ရှေ့ မှာပြု သော ဝန်ခံခြင်းပဋိညာဉ် စကား အတိုင်းမ ကျင့် ၊ ငါ ၏ပဋိညာဉ် ကို ဖျက် သော သူ တည်းဟူသော၊