ကမ္ဘာဦးကျမ်း 17:14
အရေဖျား မလှီး၊ အရေဖျား လှီးမင်္ဂလာကို မ ခံသောသား ယောက်ျားကို သူ ၏ အမျိုး မှ ပယ်ရှင်း ရ၏။ ထို သူ သည် ငါ့ ပဋိညာဉ် ကို ဖျက် လေပြီဟု အာဗြံဟံ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 4:24ခရီး သွား စဉ်တွင် ၊ စားခန်း စရပ်၌ ထာဝရဘုရား သည် မောရှေ ကိုတွေ့ ၍ ကွပ်မျက် ခြင်းငှါရှာကြံ တော်မူ ၏။
Exodus 12:19ခုနစ် ရက် ပတ်လုံးသင် တို့အိမ် များ၌ တဆေး မ ရှိ ရ။ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ တကျွန်းတနိုင်ငံ သားဖြစ်စေ ၊ ပြည် သား ဖြစ်စေ၊ ဣသရေလ အမျိုး ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။
Exodus 30:38အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
Leviticus 7:25အကြင်သူသည် ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြု သော တိရစ္ဆာန် ဆီဥ ကို စား ၏။ ထိုသူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
Leviticus 18:29ထိုသို့ သော ရွံ့ရှာ ဘွယ်အမှုတို့ကို ပြု သော သူ မည်သည် ကား၊ သူ ၏အမျိုး မှ ပယ်ရှင်း ခြင်း ခံရမည်။
Numbers 15:30ဣသရေလ အမျိုးသားဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ ရဲရင့် စွာပြစ်မှား လျှင် ၊ ထာဝရဘုရား ကို မ ရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထို သူကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။