ကမ္ဘာဦးကျမ်း 24:42
ကျွန်ုပ်သည်ယနေ့ ရေတွင်း သို့ ရောက် ပြီးလျှင် ၊ ကျွန်ုပ် သခင် အာဗြဟံ ၏ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် ရောက် လာသောအမှုကို ယခု ပြုစု တော်မူလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 24:12အကျွန်ုပ် ၏သခင် ၊ အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ် အကြံကို ထမြောက် စေ၍ ၊ အကျွန်ုပ် ၏သခင် အာဗြဟံ ၌ ကျေးဇူး ပြု တော်မူပါဟု၊ အကျွန်ုပ်ဆုတောင်း ပါ၏။
Genesis 39:3သူ့ ဘက် ၌ ထာဝရဘုရား သည် ရှိတော်မူ၍၊ သူ ပြု လေရာရာ ၌ အောင် စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏။
Nehemiah 1:11အို ဘုရား ရှင်၊ ကိုယ်တော် ကျွန် ပြုသောပဌနာ စကားနှင့် နာမ တော်ကို ရိုသေ ချင်သော ကျွန်တော်များ ပြုသောပဌနာ စကားကို နားထောင် တော်မူပါ။ ကိုယ်တော် ကျွန် ကို ယနေ့ ကောင်းကြီးပေး တော်မူပါ။ ဤ လူ ရှေ့ မှာ မျက်နှာ ရပါမည်အကြောင်းကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါ သည် ရှင်ဘုရင် ၏ ဖလားတော်ကိုင် ဖြစ် သတည်း။
Psalms 90:17အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရား၏ ကျေးဇူး တော်သည် အကျွန်ုပ် အပေါ် သို့ ရောက် ပါစေသော။ အကျွန်ုပ် တို့ပြု သောအမှု တို့ကိုလည်း ၊ အကျွန်ုပ် တို့ အဘို့ မြဲမြံ စေတော်မူပါ။
Acts 10:22ထိုသူတို့ကလည်း ဘုရားသခင် ကိုကြောက်ရွံ့ ၍ ၊ ယုဒ လူ အပေါင်း တို့တွင် အသရေ ရှိသော သူတော်ကောင်း တည်းဟူသောတပ်မှူး ကော်နေလိ သည်၊ ကိုယ်တော် ကို မိမိ အိမ် သို့ ခေါ်ပင့် ၍ ကိုယ်တော် ၏ စကား ကို နားထောင် ရမည်အကြောင်း၊ သန့်ရှင်း သော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ် တော်ကို ခံရပါသည်ဟု ပြန်ပြော ကြ၏။