The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 29

1တဖန် ယာကုပ် သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သား တို့နေရာ အရပ်သို့ ရောက်ပြီးလျှင်၊

2မြော် ကြည့်၍ တော စ၌ ရေတွင်း တခုကို မြင် ၏။ ထိုတွင်း ရေ ဖြင့် သိုးစု များကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနား မှာ သိုးစု သုံး စု အိပ် လျက်ရှိ၏။ ရေတွင်း ဝ ပေါ် မှာ ကြီးစွာ သော ကျောက် ရှိ၏။

3သိုး ထိန်းအပေါင်း တို့သည် ထို အရပ်၌ စုဝေး သောအခါ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်၍ ၊ သိုး များကို ရေ တိုက်ပြီးလျှင် ၊ ထိုကျောက် ကို မိမိ နေရာ ရေတွင်း ဝ ပေါ် မှာ တဖန် တင်ထားလေ့ရှိ၏။

4ယာကုပ် ကလည်း ၊ ငါ့ ညီအစ်ကို တို့၊ သင် တို့သည် အဘယ် အရပ်က လာကြသနည်းဟုမေး လျှင်၊ ငါ တို့သည် ခါရန် မြို့က လာကြသည်ဟုပြော ဆိုလေ၏။

5တဖန် ယာကုပ်က၊ နာခေါ် သား လာဗန် ကို သိ သလောဟု မေး လျှင်၊ သိ ၏ဟု ပြန် ဆိုသော်၊

6သူသည်မာ ပါ၏လောဟု တဖန် မေး ပြန်လျှင် ၊ မာ ပါ၏။ သူ ၏သမီး ရာခေလ သည် သိုး များနှင့်တကွ လာ လိမ့်မည်ဟု ဆို ကြလေ၏။

7ယာကုပ်ကလည်း၊ နေ့ အချိန် အလွန်များ စွာရှိသေး၏။ သိုး တို့ကို စုဝေး ရာအချိန် မ ဟုတ်သေး။ ရေတိုက် ပြီးလျှင်၊ သွား ၍ ထိန်း ကြဦးလော့ဟု ဆို လေ၏။

8သူတို့ကလည်း၊ သိုး ထိန်းအပေါင်း စုဝေး ၍ ၊ ရေတွင်း ဝ ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးမှ သာ၊ သိုး တို့ကို ရေတိုက် ရ၏။ သို့မဟုတ်၊ မ တိုက်ရဟု ပြန် ဆိုကြ ၏။

9ထိုသို့ တဦးနှင့်တဦးနှုတ်ဆက် ကြစဉ်တွင် ၊ ရာခေလ သည်၊ မိမိ အဘ ၏သိုး တို့ကို ထိန်းရသည် ဖြစ်၍ ၊ သိုး တို့ကို ဆောင် လျက်လာ၏။

10ယာကုပ် သည်၊ မိမိ ဦးရီး လာဗန် ၏သမီး ရာခေလ နှင့် ဦးရီး လာဗန် ၏သိုး တို့ကို မြင် သောအခါ ၊ အနီးသို့ချဉ်း ၍ ၊ ရေတွင်း ၌ ဖုံးအုပ်သော ကျောက် ကို လှိမ့် လှန်ပြီးလျှင် ၊ ဦးရီး လာဗန် ၏ သိုး တို့ကို ရေတိုက် လေ၏။

11ထိုနောက် ၊ ယာကုပ် သည် ရာခေလ ကို နမ်း ၍ ၊ ကျယ် သော အသံ နှင့် ငို လေ၏။

12မိမိသည် ရာခေလ အဘ ၏ တူ၊ ရေဗက္က ၏သား ဖြစ်ကြောင်း ကို ကြားပြော လျှင် ၊ ရာခေလ သည်ပြေး ၍ မိမိ အဘ အား ပြန် ကြားလေ၏။

13လာဗန် သည် မိမိ တူ ယာကုပ် ၏ သိတင်း စကား ကို ကြား သောအခါ ၊ ကြိုဆို ခြင်းငှါ အလျင်အမြန် သွား၍ ၊ ပိုက် ဘက်နမ်းရှုတ် လျက် ၊ မိမိ အိမ် သို့ ဆောင် သွားလေ၏။ ယာကုပ်သည်လည်း မိမိ အမှုအရာ ရှိသမျှ ကို ကြား ပြောလျှင်၊

14လာဗန် က၊ အကယ်စင်စစ် သင် သည် ငါ့ အရိုး အသား ပင်ဖြစ်၏ဟု ဆို လေ၏။

15ယာကုပ် သည် တ လခန့်မျှ နေ ပြီးမှ၊ လာဗန် က၊ သင် သည် ငါ့ တူ ဖြစ်သောကြောင့် ၊ အကျိုး မဲ့ကျွန် ခံရပါ မည် လော။ ခံလိုသောအခ ကို ငါ့ အား ပြော လော့ဟု ဆို လေ၏။

16ထိုအခါ လာဗန် ၌ သမီး နှစ် ယောက်ရှိ၏။ အကြီး ကား၊ လေအာ အမည် ရှိ၏။ အငယ် ကား၊ ရာခေလ အမည် ရှိ၏။

17လေအာ ကား၊ မျက်စိ နုညံ့ ၏။ ရာခေလ ကား၊ ပုံ ပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်းလှ ၏။

18ယာကုပ် သည် ရာခေလ ကို ချစ် သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီး အငယ် ရာခေလ ကိုရခြင်းငှါ၊ ခုနစ် နှစ် အစေ ခံပါမည်ဟု ဆို လျှင်၊

19လာဗန် က၊ အခြား သောသူ အား ပေးစား သည် ထက် ၊ သင့် အား ပေးစား သော် သာ၍ကောင်း ၏။ ငါ နှင့်အတူ နေ လော့ဟုဆို ၏။

20ယာကုပ် သည်လည်း ၊ ရာခေလ ကို ရခြင်းငှါခုနစ် နှစ် အစေခံ လေ၏။ ရာခေလ ကိုချစ် သောကြောင့် ၊ ခုနစ်နှစ်ကို နည်း သောနေ့ရက် ကဲ့သို့ ထင် မှတ်သတည်း။

21ယာကုပ် ကလည်း ၊ ချိန်းချက်သော အချိန် စေ့ ပါပြီ။ ကျွန်ုပ် သည် မယား နှင့် ဆက်ဆံ ဘို့ရာ ပေးစား ပါဟု လာဗန် အား ဆို လျှင်၊

22လာဗန် သည် ထိုအရပ် ၌နေသောသူ အပေါင်း တို့ကို စည်းဝေး စေ၍ ပွဲ လုပ် လေ၏။

23ည ဦးအချိန်ရောက် မှ၊ ဇိလပအမည်ရှိသောကျွန်မကို သမီး လေအာ ၌ လက်ဖွဲ့ လျက် ၊

24ထိုသမီး ကို ဆောင် သွင်း၍ ၊ ယာကုပ်သည် သူ နှင့် ဆက်ဆံ လေ၏။

25နံနက် အချိန်ရောက် မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာ ဖြစ် ကြောင်းကို သိမြင် လျှင် ၊ လာဗန် ထံသို့ သွား၍ ကျွန်ုပ် ၌ ပြု သောအမှုကား၊ အဘယ်သို့ နည်း။ ကျွန်ုပ်သည် ရာခေလ ကိုရခြင်းငှါ အစေခံ ရပြီ မ ဟုတ်လော။ ကျွန်ုပ် ကို အဘယ်ကြောင့် လှည့်စား ရသနည်းဟု ဆို သော်၊

26လာဗန် က၊ ငါ တို့ပြည် ၌ သမီး အကြီးကို မ ပေးစား မှီ၊ အငယ် ကို မပေးစားရ။

27ခုနစ် ရက်စေ့ အောင် ငံ့ဦးလော့။ နောက် တဖန် ခုနစ် နှစ် အစေခံ ရသည်အတွက် ၊ ရာခေလကိုလည်း သင့် အား ပေးစား ဦးမည်ဟု ဆိုသည်အတိုင်း၊

28ယာကုပ် ဝန်ခံ ၍ ခုနစ် ရက်စေ့ ပြီးမှ ၊

29လာဗန် သည် ဗိလဟာ အမည်ရှိသောကျွန် မကို လက်ဖွဲ့ လျက် ၊ သမီး ရာခေလ ကို ပေးစား လေ၏။

30ယာကုပ်သည် ရာခေလ နှင့် ဆက်ဆံ ၍ ၊ လေအာ ကို ချစ်သည်ထက် သာ၍ချစ် ၏။ လာဗန်ထံမှာတဖန် ခုနစ် နှစ် အစေခံ လေ၏။

31လေအာ သည် အမုန်း ခံရသည်ကို ထာဝရဘုရား သိမြင် ၍ ၊ သား ဘွားရသောအခွင့် ကိုပေး တော်မူ၏။ ရာခေလ မူကား မြုံ ၏။

32လေအာ သည် ပဋိသန္ဓေ ယူသဖြင့် ၊ သား ကို ဘွားမြင် ၍ ရုဗင် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ ၏ဆင်းရဲ ခံခြင်းကို အမှန် ကြည့် မြင်တော်မူပြီ။ သို့ဖြစ်၍ယခု ငါ့ လင် သည် ငါ့ ကိုချစ် လိမ့်မည်ဟု ဆို သတည်း။

33တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ သည် အမုန်း ခံရကြောင်းကို ထာဝရဘုရား ကြား သောကြောင့် ၊ ဤ သားကိုလည်း ပေး သနားတော်မူပြီဟု ဆို ပြီးလျှင် ၊ ထို သားကို ရှိမောင် အမည် ဖြင့် မှည့် လေ၏။

34တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကိုဘွားမြင် သော် ၊ ငါ့ လင် အား သား သုံး ယောက်ကို ငါဘွားမြင် သောကြောင့် ၊ ယခုတခါသူသည် ငါ နှင့်ပေါင်းဘော် လိမ့်မည်ဟု ဆို ၍ ၊ ထို သားကို လေဝိ အမည် ဖြင့် မှည့် လေ၏။

35တဖန် ပဋိသန္ဓေ ယူပြန်၍ သား ကို ဘွားမြင် သော် ၊ ထာဝရဘုရား ကို ယခုငါချီးမွမ်း မည်ဟု ဆို သည် ဖြစ်၍ ၊ ထို သားကို ယုဒ အမည် ဖြင့် မှည့် လေ၏။ ထိုနောက် ၊ သား ပြတ်၍ မဘွားဘဲနေ၏။

← ကမ္ဘာဦးကျမ်း 28Read In The App, Free →ကမ္ဘာဦးကျမ်း 30 →

Study ကမ္ဘာဦးကျမ်း 29

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950