ကမ္ဘာဦးကျမ်း 41:46
ယောသပ် သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်း ထံ ၌ အခွင့် ရသောအခါ ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်ကထွက် ၍ အဲဂုတ္တု ပြည် တရှောက်လုံး သို့ သွား လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
47ဝပြော နှစ် ခုနစ် နှစ်ပတ်လုံးမြေ အသီးအနှံတို့ သည် အလွန် များပြားကြ၏။
Cross References
Genesis 37:2ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များ ဟူမူကား ၊ ယောသပ် သည် အသက် တဆယ် ခုနစ် နှစ်ရှိ ၍၊ အစ်ကို တို့နှင့်အတူ သိုး ဆိတ်များကို ထိန်း လေ၏။ အဘ ၏မယား ဗိလဟာ နှင့် ဇိလပ ၏သား တို့နှင့်အတူ နေ၍၊ သူ တို့အပြစ် ကို အဘ အား ကြား ပြောတတ်၏။
1 Samuel 16:21ဒါဝိဒ် သည် ရှောလု ထံသို့ ရောက် ၍ ခစား သဖြင့် ၊ ရှောလုသည် အလွန် ချစ် ၍ လက်နက် တော်ဆောင် အရာ၌ ခန့်ထား၏။
1 Kings 12:6ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက် ရှင်စဉ် အခါ၊ အထံ တော်၌ ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
Proverbs 22:29ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။
Daniel 1:19ရှင် ဘုရင်သည် ထိုလုလင် တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့နှင့် တူ သောသူတယောက်မျှမ ရှိ သောကြောင့် ၊ သူတို့သည် အထံ တော်၌ ခစား ရသောအခွင့်အရာကို ရကြ၏။
Luke 21:36ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။