ကမ္ဘာဦးကျမ်း 48:4
ငါ သည်သင့် ကို တိုး ပွါးများပြား စေမည်။ သင့် ကို များစွာ သော လူ ဖြစ်စေ မည်။ သင် ၏အမျိုးအနွယ် သည် သင့် နောက်မှ ဤ ပြည် ကို အစဉ် အမြဲပိုင် စေခြင်းငှါ ငါပေး မည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 13:15သင် မြင် သော မြေ တပြင်လုံး ကို၊ သင် နှင့် သင် ၏ အမျိုး အနွယ်အား ၊ ငါသည်ကာလ အစဉ်အမြဲပေး မည်။
Genesis 17:8သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။
Genesis 22:17ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။
Genesis 28:3အနန္တ တန်ခိုးရှင် ဘုရား သခင်သည် ကောင်းကြီး ပေး၍ တိုးပွား စေသဖြင့်၊ သင်သည် အမျိုး ကြီး ဖြစ် မည် အကြောင်း နှင့် များပြား စေတော်မူစေသတည်း။
Genesis 32:12ကိုယ်တော်က၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု၍ ၊ မ ရေတွက် နိုင်အောင် များပြား သော သမုဒ္ဒရာ သဲ လုံး နှင့်အမျှ သင် ၏အမျိုးအနွယ် ကို ငါဖြစ် စေမည်ဟု မိန့် တော်မူပါပြီဟု တောင်းလျောက်လေ၏။
Genesis 46:3ထာဝရဘုရားကလည်း၊ ငါ သည် ဘုရား သခင်ဖြစ်၏။ သင့် အဘ ၏ ဘုရား သခင်ဖြစ်၏။ အဲဂုတ္တု ပြည်သို့ သွား ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ငါသည် ထို ပြည်၌ သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။