ကမ္ဘာဦးကျမ်း 48:5
သင်နေသောအဲဂုတ္တု ပြည် သို့ ငါ မ ရောက် မှီ၊ အဲဂုတ္တု ပြည်၌ သင်ရ နှင့်သော သား နှစ် ယောက်၊ ဧဖရိမ် နှင့် မနာရှေ တို့သည် ငါ့ သားဖြစ်ရမည်။ ရုဗင် နှင့် ရှိမောင် ကဲ့သို့ ငါ့ သားဖြစ် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
6နောက်မှ သင်ရ သောသား တို့သည် သင် ၏သား ဖြစ်၍မိမိ အမွေ ခံရာတွင် မိမိအစ်ကို တို့အမည် ဖြင့် သမုတ် ရကြမည်။
Cross References
Genesis 41:51သား ဦးကိုကား မနာရှေ အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ငါ ခံရသမျှ သော ပင်ပန်း ခြင်းနှင့် ငါ့ အဘ ၏ အိမ်သား အပေါင်း တို့ကို ငါ မေ့ စေခြင်းငှါ ဘုရားသခင် ပြုတော်မူပြီဟု ဆိုသတည်း။
Genesis 46:20အဲဂုတ္တု ပြည် ၌ ဩန မြို့၏ ယဇ် ပုရောဟိတ်ပေါတိဖေရ သမီး အာသနတ် တွင် ယောသပ် နှင့် ရ သောသား၊ မနာရှေ နှင့် ဧဖရိမ်။
Numbers 1:10ယောသပ် သား တွင်၊ ဧဖရိမ် အမျိုး၊ အမိဟုဒ် သား ဧလိရှမာ ၊ မနာရှေ အမျိုး၊ ပေဒါဇုရ သား ဂါမလျလ။
Numbers 26:28ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့တွင်၊
Joshua 14:4ယောသပ် အမျိုးသား တို့သည် မနာရှေ အမျိုး ၊ ဧဖရိမ် အမျိုးနှစ် မျိုးဖြစ် ၍ ၊ လေဝိ သားတို့နေ စရာ မြို့ ၊ သူ တို့ တိရစ္ဆာန် နှင့် ဥစ္စာ ကို ထားစရာမြို့နယ် မှတပါး အခြားသောမြေ ကို မ ပေး။
1 Chronicles 5:1ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။