ကမ္ဘာဦးကျမ်း 50:5
ကျွန်တော် အဘ က၊ ငါ သေ တော့မည်။ ခါနာန် ပြည် ၌ ကိုယ် ဘို့ ငါတူး ဘူးသော သင်္ချိုင်း တွင်း၌ ၊ ငါ့ ကို သင်္ဂြိုဟ် ရမည်ဟူ၍ကျွန်တော် ကို ကျိန်ဆို စေပါပြီ။ ထိုကြောင့်ကျွန်တော်သွား ၍ ၊ အဘ ကို သင်္ဂြိုဟ် ပြီးမှ ပြန် လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။
မြန်မာကျမ်းစာ
In The King James Version
In Context
6ဖာရော မင်းကလည်း ၊ သင် ၏အဘ ကျိန်ဆို စေသည်အတိုင်း သွား ၍ ၊ သင်္ဂြိုဟ် လော့ဟု မိန့် တော်မူ၏။
Cross References
Genesis 3:19သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် ၊ သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား ၊ သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။
Genesis 47:31ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟု ဆို ပြန်လျှင် ၊ ကျိန်ဆို ခြင်းကို ပြု၏။ ဣသရေလ သည်လည်း ခုတင် ခေါင်း ရင်းပေါ် မှာ ကိုးကွယ် လေ၏။
Genesis 49:29တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။
Deuteronomy 4:22သို့ဖြစ်၍ ဤ ပြည် ၌ ငါ သေ ရမည်၊ ယော်ဒန် မြစ် ကို မ ကူး ရ။ သင် တို့သည် ကူး ၍ ထို ကောင်းမွန် သော ပြည် ကို ဝင်စား ကြလိမ့်မည်။
2 Chronicles 16:14ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် ၍ ၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။
Psalms 79:3သူ တို့အသွေး ကိုလည်း ရေ ကဲ့သို့ ယေရုရှလင် မြို့ ပတ်လည် ၌ သွန် ကြ၍ ၊ သင်္ဂြိုဟ် သော သူလည်းမ ရှိပါ။