ကမ္ဘာဦးကျမ်း 7:21
မြေ ပေါ် မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် မျိုးတည်းဟူသောငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်အပေါင်း တို့နှင့် လူ အပေါင်း တို့သည် သေ ကြကုန်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
20ရေမြုပ်သောတောင် တို့ အထက် ၌ လွှမ်း တတ်သော ရေ သည် ဆယ့် ငါး တောင် ရှိသတည်း။
22အသက် ရှု လျက် ကုန်း ပေါ် မှာ ရှိလေသမျှ တို့သည် သေ ကြကုန်၏။
Cross References
Genesis 6:13ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။
Genesis 7:4အကြောင်းမူကား ၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက် လေးဆယ် ပတ်လုံးမြေကြီး ပေါ် သို့ မိုဃ်း ရွာ စေမည်။ ငါဖန်ဆင်း သော သတ္တဝါ အပေါင်း တို့ကို၊ မြေကြီး မျက်နှာ ပေါ် မှ ငါပယ်ရှင်း မည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
Isaiah 24:6ထိုကြောင့် ၊ ကျိန်တော်မူသောအကျိန် သည် ပြည် တော်ကို လွှမ်းမိုး ပြီ။ ပြည်သား တို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ပြည်သား တို့သည် ပူလောင် ကြ သဖြင့်၊ ကျန်ကြွင်း သောသူ တို့သည် နည်း ကြ၏။
Jeremiah 4:22အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် မ ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။
Hosea 4:3ထိုကြောင့် ၊ ပြည် သည် ငြိုငြင် လိမ့်မည်။ ပြည်သား အပေါင်း တို့နှင့်တကွ ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အားလျော့ ကြလိမ့်မည်။ ပင်လယ် ငါး တို့ သည်လည်း ကုန် ကြလိမ့်မည်။
Joel 2:3သူ တို့ရှေ့ မှာ မီး လောင် ၏။ နောက် ၌လည်း မီးလျှံ တောက် ၏။ ရှေ့ တွင်ရှိသောပြည် သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ်၏။ နောက် ၌ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင် ဖြစ်၏။ အကယ် စင်စစ်သူ တို့လက်မှ အဘယ်အရာမျှ မ လွတ် ရ။